I am the King ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ သမိုင်းနောက်ခံ ဟာသရုပ်ရှင်ကားဖြစ်ပြီးသရုပ်ဆောင်တွေကတော့ Ju Ji-hoon, Park Yeong-gyu, Baek Yoon-sik, Byun Hee-bong,Kim Soo-ro နဲ့ Lee Haneeတို့ အဓိကပါဝင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်းညောက သောက်စားမူးယစ်ပြီး ပျော်ပါးနေတာကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယမြောက်သားတော်မင်းသားချွန်းညောကို အိမ်ရှေ့စံအဖြစ် တင်မြှောက်လိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မင်းသားချွန်းညောဟာတိုင်းပြည်ရေးကိုစိတ်မဝင်စားဘဲ စာပေကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာကြောင့် နန်းတော်ထဲက ထွက်ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်းညောနဲ့တစ်ပုံစံတည်းတူတဲ့ အစေခံဒေါ့ချီဆိုသူကလည်း နန်းတော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သားလူလဲကာ ဒေါ့ချီက အိမ်ရှေ့စံအစား နန်းတော်ထဲက ဖိအားတွေခံစားရပြီး မင်းသားချွန်းညောကအစေခံအစားနှိပ်စက်ခံရတဲ့အချိန်…. တိုင်းပြည်ရဲ့ ပကတိအခြေအနေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့မင်းသားချွန်းညောအနေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလားဒါမှမဟုတ် ပြည်သူလူထုအတွက်မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။