Storm Crashers FHD

Storm Crashers

Comedy Fantasy Adventure Animation FHD 2024-03-22 7 88 Min

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့စပိန်စကားပြော ကာတွန်းကောင်းလေးတစ်ခုဖြစ်ပါတယ်။လာမန်ချာ ဆိုတဲ့ ရွာကလေးမှာ ကီဟိုတီမိသားစုနဲ့ ပန်ဆာဆိုတဲ့ မိသားစုနှစ်စုတို့လည်းနေထိုင်ကြလေတယ်။အဲဒီမိသားစုနှစ်စုကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြပါဘူး။ဒါပေမဲ့ အယ်ဖွန်ဆိုကီဟိုတီ နဲ့ ပွန်ချိုပန်ဆာ ဆိုတဲ့ကောင်လေးနှစ်ယောက်ကတော့မိဘတွေမတည့်ကြသည့်တိုင်အောင် အချစ်ဆုံးသူငယ်ချင်းအဖြစ် တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားကြပါတယ်။လာမန်ချာရွာလေးဟာနှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြပေမဲ့နောက်ပိုင်းခုနှစ်တွေမှာတော့ မုန်တိုင်းကြီးတွေ တစ်လုံးပြီးတစ်လုံးတိုက်ခိုက်တဲ့အတွက် ကျေးရွာနေသူတွေ ပြောင်းရွှေ့ကြဖို့ ဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့လည်း စိတ်ကူးယဥ်ဆန်ပြီးစိတ်ကူးကောင်းတဲ့အယ်ဖွန်ဆိုလေးဟာ မုန်တိုင်းကြီးကို နှိမ်နင်းပြီး ရွာကိုကယ်တင်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချကာ သူငယ်ချင်းဖြစ်သူပွန်ချိုနဲ့ ဗစ်တိုးရီးယားတို့နဲ့အတူ သုံးယောက်သားမုန်တိုင်းကြီးကို နှိမ်နင်းဖို့ရွာပြင်ကို ခရီးထွက်လာခဲ့ပါတော့တယ်။သူငယ်ချင်းသုံး‌ယောက် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲ……သူတို့ရည်မှန်းချက်ရောအောင်မြင်သွားမလားဆိုတာကိုတော့စိတ်ဝင်တစားကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာ။