ဂျိုဟန်ဆိုတဲ့ ၂၀ ကျော်ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သည့်တိုင်အောင် ဘယ်အရာကိုမှလက်ပွန်းတတီးလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကို နားလည်နေတဲ့မိခင်ဟာမိသားစုဂုဏ်ကျပြီး ဘိုးဘွားတွေဆီကနေ အမွေမရမှာစိုးရိမ်ပြီး သူ့ကို ပညာနယ်ပယ်မှာနာမည်ခံရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ဘွဲ့လွန် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ဂျိုဟန်ဟာ သူ့ရဲ့ကြီးကြပ်သူပါမောက္ခစထရာတန်နဲ့အတူ ညီလာခံတစ်ခုကိုတက်ဖို့ဖြစ်လာပါတယ်။ဖြစ်ချင်တော့ ပြုစုနေတဲ့စာတမ်းက quantum mechanics ပေါ် အခြေခံထားတဲ့ အရာအားလုံးရဲ့ သီအိုရီ“The Theory of Everything” အကြောင်းပဲဖြစ်ပါတယ်။Quantum Mechanics တောင်မှ မတွင်ကျယ်သေးတဲ့အချိန် ခိုင်မာမှုမရှိတဲ့အဲဒီဘာသာရပ်ကိုအခြေခံပြီးထပ်ပြီးချဲ့ထွင်ရေးသားထားတာကိုမြင်လိုက်ရတဲ့အခါမှာ ငြင်းခုန်မှုတွေအကြီးအကျယ်စဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ဆရာတပည့်နှစ်ယောက် ညီလာခံကိုရောက်သွားတဲ့အခါမှာနောက်ထပ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဘလွန်းဘတ်ဆိုသူတွေ့ခဲ့ပါတယ်။ပါမောက္ခဘလွန်းဘတ်က ဂျိုဟန်ရဲ့စာတမ်းကိုသဘောကျသွားပြီး အားပေးနေခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့ကျပါမောက္ခဘလွန်းဘတ်တစ်ယောက် ညီလာခံမဖြစ်မြောက်သွားလို့ ပြန်တော့မယ့်ဆဲဆဲ ပျောက်သွားပြီးသူ့ရဲ့အလောင်းလို့ယူဆရတဲ့ အလောင်းတစ်လောင်းပေါ်လာတဲ့အချိန်မှာတော့ ဖြစ်စဉ်တွေအားလုံးဇောက်ထိုးမိုးမျှော်တွေဖြစ်သွားခဲ့ပါတော့တယ်။