Secret Life of a Sorority Girl HD

Secret Life of a Sorority Girl

Crime Drama Thriller Mystery TV Movie HD 2024-04-06 4.3 88 Min

Cheryl က တစ်ကိုယ်ရည် မိခင်တစ်ယောက်ဖြစ်ပြီး အထက်တန်းကျောင်းတစ်ခုမှာ သင်္ချာဆရာမ လုပ်ပါတယ်။ သူ့မှာ Ashley လို့ခေါ်တဲ့ ၁၈နှစ်အရွယ် သမီး တစ်ယောက် ရှိပြီး Ashley က သူ့အဆောင်ခတွေကျောင်းလခတွေ ပေးနိုင်ဖို့ သူ့အမေနဲ့ ရည်းစားမသိအောင် ကလပ်တစ်ခုမှာ အကမယ်အနေနဲ့ ခိုးလုပ်နေတာပါ။Cheryl ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာတစ်ယောက်က ကလပ်သွားရင်းနဲ့ Ashley ကို ကနေတာတွေ့ခဲ့ကြောင်း ပြောလာတဲ့အခါ အမေနဲ့ သမီး စကားများကြပါတယ်။ Ashley က အမေ့ဖုန်းတွေလည်း မကိုင် အဆောင်မှာလည်း မရှိတော့ အမေဖြစ်သူက စိတ်ပူပြီး သူအလုပ် လုပ်တဲ့ ကလပ်မှာသတင်းသွားမေးပေမယ့် မောင်းထုတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ကလပ်ထဲဝင်ရဖို့ အကမယ်အနေနဲ့ အရွေးခံခဲ့ပါတယ်။ အကမယ်ဖြစ်သွားတဲ့ Cherylဟာ ဘားမှာ အလုပ်လုပ်တဲ့ Jake နဲ့ ရင်းနှီးခဲ့ပြီး Jake က သူ့ကိုအစစအရာရာ ကူညီနေပေးခဲ့တာပါ။ Ashley နဲ့Cheryl ပြန်တွေ့ရပါ့မလား၊ Jake ကရော ဘယ်လိုလူဖြစ်နေမလဲ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါ။