Street Fighter IV: The Ties That Bind HD

Street Fighter IV: The Ties That Bind

Action Animation HD 2009-02-12 6 65 Min

ဇာတ်လမ်းအစမှာတော့ ကမ်မီဝှိုက်ပါဝင်တဲ့ Delta Red အဖွဲ့အစည်းဟာအမေဇုန်တောအုပ်ထဲကနေ စွမ်းအင်ထုတ်လွှင့်မှုတွေရဲ့ အရင်းအမြစ်ကို စုံစမ်းနေခဲ့ပါတယ်။ကမ်မီဝှိုက်ကတော့ ဒါက Shadowlaw (ခ) Shadaloo ရာဇဝတ်အဖွဲ့အစည်း ရဲ့ လက်ချက်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။အားလုံးကတော့ Shadaloo ပြန်ရှင်သန်လာတာကို လက်ခံဖို့ ငြင်းဆန်နေဆဲပါတစ်ဘက်မှာတော့ ချွန်းလီ နဲ့ ကပ္ပတိန်ဂိုင်းလ်တို့ Duo က ကမ္ဘာတလွှားက ထိပ်သီးကိုယ်ခံပညာရှင်တွေထူးဆန်းစွာ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ခံပညာရှင်တွေရဲ့အရေးကိစ္စပေါ်လာတိုင်းမှာမေ့ထားလို့မဖြစ်တဲ့ သိုင်းလောကထိပ်သီးလို့ ဆိုရမယ့် “ရူ” ကို မသမာသူတွေ လက်မဦးခင် ရှာဖွေဖို့ ကြိုးစားလာရပြန်ပါတယ်။ထိုအချိန်မှာ “ရူ”က သူ့ရဲ့အသွေးအသားထဲမှာဖြစ်တည်နေတဲ့ အမှောင်စွမ်းအား တစ်ခုဖြစ်တဲ့ “Satsui no Hado” ကိုလက်ခံအရှုံးမပေးလိုက်ဖို့ အသည်းအသန် ကြိုးစားလေ့ကျင့်နေပါတယ်။ “ရူ”ဆီ့ကိုရောက်နိုင်မယ့်အကောင်းဆုံးနည်းလမ်းကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကန်မာစတာစ်ကို အရင်တွေ့မှဖြစ်တာကြောင့် ချွန်းလီနဲ့ဂိုင်းလ်တို့က ကန့်ဆီကို ရောက်လာကြပါတယ်။ချွန်းလီတို့နဲ့ မတွေ့ခင်မှာပဲ ကန်ဟာ မာယာဆိုတဲ့ဂျာနယ်လစ်တစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပါတယ်။“ရူ”အကြောင်းတစ်စွန်းတစ်စ မေးခွန်းထုတ်သွားခဲ့ပြီး ချိန်းဆိုမှုပြုလုပ်ပြီးမှ လာဖြစ်မယ့်အကြောင်း ပြောသွားပါတယ်။စီးပွားရေးကိစ္စတွေကိုသာ ဦးစားပေးနေတဲ့ကန်ဟာ သိုင်းလောကနဲ့ ဝေးကွာနေပြီးတော့ ဇနီးသည်ကိုလည်း ယခင်ကလောက် အလေးမထားနိုင်ဘဲ စိတ်တွေ အမှောင်ဖုံးနေခဲ့တာလည်း ဖြစ်ပါတယ်ပင်ပန်းနေတဲ့ ကန်ဟာ အိမ်ပြန်အလာမှာပဲ ဇနီးသည်က အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့သူ့ရဲ့ပုံစံကိုတိုက်ဆိုင်မေးမြန်းခြင်း ခံနေရပါတယ်။ ထိုအချိန်မှာပဲ သူ့ရဲ့အစောင့်တွေကို တစ်ယောက်ယောက်ကအလဲထိုးထားတာ တွေ့ရပြီးလက်သည်တရားခံက သူ့ဆီကို လာလည်တဲ့ “ဆာကူရာ” ဖြစ်နေပါတယ်။ဆာကူရာ့ဆီက သတင်းစကားကြောင့် ကိုယ်ခံပညာရှင်တွေ ပျောက်ဆုံးနေမှုကိုသိရှိသွားခဲ့ပြီးချွန်းလီဆီက ဖုန်းဝင်လာတော့ အလုပ်တွေရှုပ်နေတဲ့အကြောင်းကို ပြောပြပြီး သူတို့ကို လက်ခံတွေ့ဆုံဖို့ စီစဉ်ပါတယ်။ထိုအချိန်မှာပဲ ကန်နဲ့စကားပြောခဲ့ဖူးတဲ့ထရပ်ကားမောင်းသမားတစ်ယောက်ဆီကနေ ရူရဲ့ တည်နေရာကိုသိရှိသွားတဲ့အတွက် ရူ့ဆီကို မဆိုင်းမတွလိုက်သွားခဲ့ပြီး ချွန်းလီ နဲ့ ဂိုင်းလ်တို့ကိုလည်း ထိုနေရာကို ချိန်းဆိုခဲ့ပါတယ်။သူတို့ရဲ့မပြီးပြတ်သေးတဲ့တိုက်ပွဲကို အဆုံးသတ်ဖို့ စိတ်ထဲမှာအမြဲရှိနေတဲ့ ကန်က သူလိုချင်တဲ့တိုက်ပွဲကို ရနိုင်မှာလားရူ့အတွက်ကရော သူအမြဲတမ်း သားရဲတစ်ကောင်လို ချုပ်နှောင်ထားတဲ့ “Satsui no Hado” ကိုဖြေလွှတ်ပြီး တိုက်ပွဲဝင်သွားမှာလားဒီ ပျောက်ဆုံးနေတဲ့ ကိုယ်ခံပညာရှင်တွေရဲ့နောက်ကွယ်မှာ Shadaloo အဖွဲ့အစည်းကြီးကရော တကယ်ရှိနေတာလားဆိုတာကိုအဖြေရှာနိုင်ဖို့ CM ကနေပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။