The Manifestation HD

The Manifestation

Thriller Mystery HD 2024-03-19 7.8 85 Min

စတီဖန်ဆိုတဲ့ အွန်လိုင်းစတော့ရှယ်ယာရောင်းဝယ်သူတစ်ယောက်ဟာ တစ်နေ့မှာ ငွေတွေအကုန်သုံးရင်း ရှိသမျှပိုက်ဆံအကုန်ဆုံးရှုံးသွားပါတယ်။ရှုံးသွားတဲ့ငွေတွေကိုဘယ်လိုပဲရအောင်ပြန်ရှာဖို့ကြံကြံမဖြစ်တဲ့တစ်ဆုံးမှာတော့ သူ့ရဲ့အွန်လိုင်းက ဘဝနည်းပြဖြစ်တဲ့ မိုက်ကယ်ဆိုသူရဲ့ ဆုံးမဩဝါဒ အားပေးစကားတွေကို ပြန်နားထောင်ရင်းစွဲလမ်းသွားခဲ့ပါတယ်အားပေးစကားဗီဒီယိုတွေထဲမှာ ကိုယ့်ရဲ့စိတ်ကိုစုစည်းပြီး ဘယ်လိုတည်ငြိမ်လာအောင်လုပ်ရမလဲ၊ စိတ်ကိုအောင်နိုင်ရင် အရာရာအောင်နိုင်တယ်ဆိုတဲ့ ဩဝါဒအောက်မိသွားတဲ့ စတီဖန်၊တစ်ချိန်တည်းမှာပဲရည်းစားရဲ့ပိုက်ဆံကိုအလွဲသုံးစားလုပ်မိလို့ ရည်စားနဲ့မပြေမလည်ဖြစ်နေတဲ့ စတီဖန်ဟာ တစ်နေ့မှာ စိတ်စွဲလန်းမှုတစ်ခုဖြစ်ပြီးသူ့ရည်းစားရဲ့ ပိုငယ်တဲ့ပုံစံမျိုးရှိတဲ့ စိတ်ကူးယဉ်အမျိုးသမီးတစ်ယောက်ကိုထင်ယောင်ထင်မှားစဖြစ်လာခဲ့ပါတယ်။သူစတော့ရောင်းဝယ်လုပ်တိုင်း စိတ်ထဲမှာပေါ်ပေါ်လာတတ်တဲ့ ဗရော်နီကာလို့ခေါ်တဲ့ သူ့ရည်းစား ရော်နီရဲ့ ကိုယ်ပွားလေးဟာ သူ့ကိုဆက်တိုက်ဆိုသလို အချီကြီးတွေငွေသီးလာအောင်လုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ စတီဖန်တစ်ယောက် သူ့ရဲ့မိန်းမဖြစ်လာတဲ့သူကိုလျှို့ဝှက်ထားတဲ့ ဒီအချက်ပေါက်ကြားသွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်အိမ်ထောင်ရေးဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ရသမျိုးစုံနဲ့ရှုစားရမှာဖြစ်ပါတယ်။