ဘရန်ဒန်က Street fight တွေထိုးတဲ့ ဖိုက်တာတစ်ယောက်။ သူ့အကိုနဲ့အတူ Street fight တွေလိုက်ထိုးတယ်။ သူ့အကိုကတော့ အလောင်းကစားသမား မြင်းပွဲတွေလောင်းရတာကြိုက်တဲ့သူသူတို့ညီအကိုနှစ်ယောက်တည်းနေရပြီး ဂန်းစတားတစ်ယောက်ဆီက ပိုက်ဆံချေးထားတာတွေရှိတယ်။ သူ့အကိုကလည်း မြင်းပွဲလောင်းဖို့ အဲဒီဂန်းစတားဆီမှာ ပိုက်ဆံတွေချေးထားတယ်။ တစ်ညမှာသူ့အကိုက အသတ်ခံလိုက်ရတယ်။သူ့အကိုအသတ်ခံလိုက်ရတဲ့အချိန် ဂန်းစတားဆီမှာက အကြွေး ဒေါ်လာ ၆၀၀၀၀ ရှိနေပြီ။ ဂန်းစတားက အကြွေးပြန်ဆပ်ဖို အချိန်တစ်ပတ်ပေးတော့ ညီဖြစ်သူသူ့အဖေရှိတဲ့တောမြို့လေးကိုရှောင်လာတယ်။အဲဒီမှာအလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ Street fight တွေမှာ ပိုက်ဆံရှာကြတာကိုကြည့်ရမှာဖြစ်ပါတယ်။ Fight sceneမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့မို့ ဘွိင်ကာတို့လို Vibe မျိုးကြိုက်သူတွေအတွက်ကတော့ မပျင်းရမှာအသေအချာပါပဲ။