မန်းဆယ်အထက်တန်းကျောင်းဆိုတာကတော့ တစ်ချိန်တစ်ခါက တိုက်ကွမ်ဒိုအဖွဲ့ရဲ့ အောင်မြင်မှုမှတ်တမ်းတွေကြောင့် ကျော်ကြားခဲ့ပေမဲ့လည်း ယခုအချိန်မှာတော့ သူ့ရဲ့ တောက်ပတဲ့ရွှေရောင်နေ့ရက်လေးတွေက ပျောက်ကွယ်သွားပါပြီ။ ပျက်စီးပြီး အခွံသာသာပဲ ကျန်တော့တဲ့ တိုက်ကွမ်ဒိုအဖွဲ့မှာအရည်အချင်းရှိတဲ့လူဆိုလို့ မင်ဂယူဆိုတဲ့ ကျောင်းသားတစ်ယောက်သာကျန်ရှိပါတော့တယ်။ဒီလိုနဲ့ အမျိုးသားတိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပဖို့ 2 ပတ်ပဲ ကျန်တော့တဲ့အချိန်မှာ မန်းဆယ်အထက်တန်းကျောင်းရဲ့ တိုက်ကွမ်ဒို ကစားသမားအဖွဲ့ဝင်တွေက ဘတ်စ်ကားပေါ်မှာနာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းသားလူမိုက်တွေနဲ့ ငြိပြီး ရန်ဖြစ်ရာကနေ ဆေးရုံရောက်သွားပါတော့တယ်။အဲဒီအချိန် ကျောင်းရဲ့ နှစ် 50 အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားချင်တဲ့ကျောင်းအုပ်ကြီးကလူမိုက်တွေကို တိုက်ကွမ်ဒိုပြိုင်ပွဲ ဝင်ပြိုင်ပေးရင် ကျောင်းဆက်တက်ခွင့်ရမယ်ဆိုတဲ့ အပေးအယူတစ်ခုလုပ်ခဲ့ရာကနေ ပြိုင်ပွဲဝင်ပြိုင်ဖို့ ဖြစ်လာခဲ့ပြီး…လမ်းပေါ်မှာ အမြဲတမ်း အနိုင်ကျင့်ရန်ဖြစ်နေကြတဲ့ လူမိုက်ကျောင်းသားတွေက နည်းပြဆုန်းချွန်းဂွန်နဲ့အတူလေ့ကျင့်ပြီး မန်းဆယ်အထက်တန်းကျောင်းဆီ အောင်မြင်မှုသရဖူကို ပြန်လည်ယူဆောင်ပေးလာနိုင်မလား..ဆိုတာကိုတော့ဇာတ်လမ်းမှာပဲ ဆက်လက်ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ချင်ပါတယ်။