Raju Gari Ammayi Naidu Gari Abbayi HD

Raju Gari Ammayi Naidu Gari Abbayi

Action Thriller Romance HD 2024-03-09 8.3 158 Min

တစ်နေ့သောမနက်ခင်းတစ်ခု ရွာတစ်ရွာရဲ့ ရေကန်ဘေးကမ်းစပ်မှာအလောင်းတစ်လောင်း ရုပ်ပျက်ဆင်းပျက်နဲ့ သောင်တင်နေတာကို အဲဒီရေကန်မှာ ကူးတို့လုပ်နေတဲ့လှေသမားက မြင်ပြီး ရဲကို အကြောင်းကြားလိုက်ပါတယ်။ အလောင်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ရွာရဲ့ ဩဇာကြီးသူ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ရာဂျူးဆရာရဲ့ သမီး အန်နူးဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ မိသားစုကို ဆက်သွယ် အကြောင်းကြားပြီးတဲ့နောက်မှာတော့ ရာဂျူးဆရာဟာ သူတို့မိသားစုဂုဏ်ကိုထိခိုက်မှာစိုးရိမ်ပြီး သမီးလုပ်သူရဲ့အလောင်းကို ခွဲစိတ်မှုမပြုစေဘဲ အိမ်ကိုပဲ ပြန်ခေါ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ အန်နူးရဲ့ကောင်လေး ကာနာ၊ သူကတော့ ရာဂျူးဆရာနဲ့အပြိုင်ရွာမှာဩဇာရှိတဲ့ နိုင်ဒူဆရာရဲ့ သားဖြစ်ပါတယ်။ မိသားစုအချင်းချင်း အဆင်မပြေကြတဲ့အတွက်ကာနာတစ်ယောက် ချစ်သူအန်နူးရဲ့ ဈာပနာကိုတောင် သွားရောက်ခွင့်မရှိဘဲ ဝမ်းနည်းကြေကွဲနေရပါတယ်။ဒါ့အပြင် အန်နူးမသေခင်မှာ အန်နူးနဲ့နောက်ဆုံးတွေ့ခဲ့တဲ့သူက ကာနာဖြစ်နေတာပါပဲ။ဒီအတွက်နဲ့သူငယ်ချင်းတွေကလည်း ပြဿနာမဖြစ်အောင်တားဆီးရင်း ကာနာခမျာအန်နူးရဲ့ ဈာပနာကို ဓာတ်ပုံကြည့်ပြီးတော့ပဲ ကျေနပ်လိုက်ရပါတော့တယ်။အန်နူးဟာ ဘာကြောင့်များ ရက်ရက်စက်စက်သေဆုံးသွားရတာလဲ ……အန်နူးနဲ့ ကာနာကြားထဲက အချစ်ဇာတ်လမ်းမှာရောဘယ်လိုပြဿနာတွေရှိနေလဲ …….ရဲတွေကရော အန်နူးရဲ့ သေဆုံးမှုကို စုံစမ်းဖော်ထုတ်နိုင်သွားမှာလား ……ဆိုတာကို ကြည့်ရှုရမဲ့ အက်ရှင်ရိုမန့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။