4Kings ဇာတ်ကားထဲက မင်းသား Nat Kitcharitနဲ့ Arak Amornsupasiriတို့ ပါဝင်ထားတဲ့ထောင်တွင်းဇာတ်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ…ထောင်တွင်းကလူငယ်အကျဉ်းသားတချို့အကြောင်းကိုဒါရိုက်တာက ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်…ပူအက်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်အရွယ်ကတည်းက ဖခင်မရှိဘဲ မိခင်နဲ့ နှစ်ဦးတည်းသာနေထိုင်ခဲ့ရသူပါ…မိခင်ဖြစ်သူဟာ တခြားလုပ်ငန်းမလုပ်တတ်တဲ့အတွက် မူးယစ်ဆေးရောင်းပြီးတော့ ပူအက်ကို ရှာဖွေကျွေးမွေးပျိုးထောင်ပေးခဲ့ပါတယ်…ပူအက်လည်း မိခင်ဖြစ်သူက မူးယစ်ဆေးရောင်းပြီး ရှာကျွေးတဲ့ကိစ္စကိုအရှက်ကြီးရှက်ပြီးမူးယစ်ဆေးကိုလည်း အမုန်းကြီးမုန်းနေသူတစ်ယောက်ပေါ့…သူအရွယ်ရောက်ပြီး သိပ်မကြာခင်ပဲ အဖေဖြစ်သူကဆေးမှုနဲ့ထောင်ကျသွားပါတော့တယ်…အဲဒီအချိန်မှာပဲ ပူအက်တစ်ယောက်ဒေါသအလျောက်လူသတ်မှုဖြစ်ခဲ့ပြီးကျောင်းပြီးသွားလို့ အလုပ်ရရင် ဒီလိုရပ်ကွက်မျိုးကနေ ပြောင်းပြီး သားအမိနှစ်ယောက် ပျော်ပျော်ကြီးနေသွားမယ်ဆိုတဲ့အိပ်မက်ဟာလည်းပျောက်ဆုံးသွားရပါတော့တယ်…ဒီလိုနဲ့ပဲ အိပ်မက်တွေပျောက်ဆုံးသွားတဲ့ လူငယ်တစ်ယောက် အကျဉ်းထောင်ကိုရောက်လာတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး…