မင်းသားကြီး Liam Neeson တို့ Lee Jung Jae တိုလိုမျိုး Top cast တွေနဲ့ တကယ့်အဖြစ်အပျက်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။မြောက်ကိုးရီးယားတွေ ဘူဆန်မှာ အသာစီးရနေချိန်ရေကြောင်း၀င်လမ်းတစ်ခုတည်းသာရှိပြီး ထိုးဖောက်ဖို့ မလွယ်နိုင်တဲ့ အင်ချွန်းကို ကျူးကျော်တိုက်ခိုက်မယ့် ယူအန်မဟာမိတ်တပ်က ဂျန်နရယ်မက်အာသာဟာ လူ ၈ ဦးပါ လျှို့ဝှက်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးရေတပ်မိုင်းတွေ ချထားတဲ့နေရာတွေကို သိရအောင် လွှတ်လိုက်တယ်။သူတိုအဖွဲရဲ့တာ၀န်ဟာ ဂျန်နရယ်မက်အာသာတိုစစ်တပ်၀င်နိုင်အောင် လမ်းဖွင့်ပေးရမှာ ဖြစ်တာမို့လို့ အလွန်တရာအရေးပါပြီး အင်မတန်လည်း အရဲစွန့်ရာကျလွန်းပါတယ်။ ၁၉၅၀ ခုနှစ် ကိုးရီးယားနိုင်ငံတောင်နှင့်မြောက်ကွဲချိန် လူပေါင်း ၃ သန်းကျော် သေဆုံးခဲ့ရပြီး ၃ နှစ်တာရှည်ကြာခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အရေးပါခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအကြောင်းပါ။