ယူကေကထုတ်တဲ့ ဟော်ရာကားအသစ်ပါ။ဇာတ်အစမှာတော့ ကလေးလေး၂ယောက်က အဖေပျောက်သွားတယ်လို့ ဆိုင်ရှင်ကိုတစ်ယောက်ကလိမ်ပြီး အာရုံလွှဲထားပြီး တစ်ယောက်က မုန့်ခိုးဖို့ကြံကြတယ်။အာရုံလွှဲမယ့်ကလေးဝင်သွားပြီး နောက်ကလေးလိုက်ဝင်သွားတော့ အာရုံလွှဲမယ့် ကလေးကမရှိနေဘူး။ဆိုင်ရှင်ကိုမေးကြည့်တော့လည်း မဝင်လာပါဘူးလို့ပြောတယ်။ ဒီကလေးလေးပျောက်သွားတာပေါ့။နောက်မှ အဲဒီဆိုင်ရှင်က ကလေးတွေကိုခိုးနေသတ်နေတဲ့လူဖြစ်နေမှန်းသိလိုက်ရတယ်။အလောင်းတွေကိုလည်း မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့နှစ်ပေါင်းတော်တော်ကြာတဲ့အထိ ခုနပျောက်သွားတဲ့ကလေးအဖေကသူတို့နားက မောရ်လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့နေရာကြီးတစ်ခုလုံးမှာ သူ့ကလေးကို ပတ်ရှာနေတုန်းပါပဲ။ဒီနေရာကြီးနဲ့လူသတ်သမားက ဘာပတ်သက်တာလဲ။ ဒီနေရာကြီးက ဘာလို့ပဟေဠိဆန်နေတာလဲအရာအားလုံး အထုပ်ဖြည်ပြတာကို စောင့်စားရမယ့်ရုပ်ရှင်ပါပဲ။