Resident Evil: Damnation HD

Resident Evil: Damnation

Action Horror Animation HD 2012-09-25 6.876 100 Min

ဒီဇာတ်ကားကတော့ ပထမ Resident Evil animationရဲ့ဒုတိယကားဖြစ်ပြီး Degeneration အပြီးနဲ့ တိုက်ရိုက်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ဟားဗတ်ဗေးလ်ဖြစ်ရပ်အပြီး ခွင့်နဲ့အနားယူနေတဲ့လီယွန်တစ်ယောက် အစိုးရရဲ့အထူးဆင့်ခေါ်မှုနဲ့ အရှေ့ဆလဗ်သမ္မတနိုင်ငံကို မစ်ရှင်သွားရဖို့ ဖြစ်လာပါတယ်။ဆလဗ်နိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကနေ ကွဲထွက်လာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် UNနဲ့ EUတို့ရဲ့အသိအမှတ်ပြုတာကို လိုချင်‌နေတဲ့ နိုင်ငံငယ်တစ်ခုပါ။ဒါပေမဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးယူထားတဲ့ နိုင်ငံငယ်တို့ထုံးစံအတိုင်းအာဏာလုပွဲနဲ့ ပြည်တွင်းစစ်ပွဲတွေ ကပ်ပါလာခဲ့ပါတယ်။အဲဒီလို ပြည်တွင်းစစ်ဖြစ်နေတဲ့ အစိုးရနဲ့ သူပုန်တွေကြားဇီဝလက်နက်‌ ခေါ် ဗိုင်းရပ်ကူးစက်ခံသတ္တဝါဆန်းတွေကိုလက်နက်အဖြစ်အသုံးချနေတယ်ဆိုတဲ့ သတင်းကြောင့်ဒီအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ လီယွန်အနေနဲ့ လျှို့ဝှက်စုံစမ်းစစ်ဆင်ရေးတစ်ခုကို လုပ်ဖို့ဖြစ်လာရင်း အဆိုပါသတ္တဝါကြီးတွေ၊ အဲဒါတို့ကို ထိန်းချုပ်ထားတဲ့နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။