ဇာတ်လမ်းအကျဉ်းက ဗင်းဆင့်နပိုလစ်တန်နို ကNew Mafia အဖွဲ့ကိုဦးဆောင်ပြီးနယူးဂျာစီမှာရှိတဲ့လောင်းကစားရုံ ကာစီနို မူးယစ်ဆေးစတာတွေကိုအကြီးအကျယ်လုပ်ကိုင်နေပါတယ်။ရဲတပ်ဖွဲ့ကလည်းသူရဲ့အပြစ်တွေကို သက်သေနဲ့တကွမဖမ်းနိုင်ဘူးဖြစ်နေတယ်။စာရင်းတွေစစ်ကြည့်တော့လည်းပိုက်ဆံတွေအကုန်လုံးကတရားဝင်လမ်းကြောင်းကနေဝင်လာတာဖြစ်တဲ့အတွက်ဗင်းဆင့်တို့တစ်ဖွဲ့လုံးကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်။ဒီလိုအချိန်မှာပဲ ဗင်းဆင့်ရဲ့ရန်ဖက်လို့ဆိုလို့ရသလို တစ်ချိန်တစ်ခါကလက်တွဲဖော်ဖြစ်တဲ့အန်တိုနီဟာထောင်ကနေထွက်လာပါတော့တယ်။အန်တိုနီကတော့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဗင်းဆင့်အဖေနဲ့ဘားတစ်ခုမှာလူသတ်ရင်းမလွတ်တော့တဲ့အခြေအနေမှာဗင်းဆင့်ကသူ့ကိုထားခဲ့တဲ့အတွက်တစ်သက်လုံးအခဲမကျေဖြစ်နေပါတယ်။အဲ့ဒါကြောင့်ထောင်ကထွက်ရင်ဗင်းဆင့်ကို ရှင်းပစ်ဖို့တွေးထားပါတယ် အန်တိုနီနဲ့အတူတစ်ချိန်တစ်ခါကနာမည်ကြီးလူကြီးဆိုး အန်ကယ်ဆဲလ်ကလည်းထောင်ကနေထွက်ရင်အတူတူပူပေါင်းဖို့တိုင်ပင်ထားကြတယ်။နည်းပညာသစ်တွေ နည်းလမ်းသစ်တွေနဲ့လောင်းကစားလောကကိုချယ်လှယ်ချင်နေတဲ့ဗင်းဆင့်ကိုအန်ကယ်ဆဲလ်တို့ကမနာလိုပြီးလုပ်ငန်းတွေကိုအပိုင်သိမ်းဖို့ကြိုးစားတဲ့အခါမှတော့…..