ဒါရိုက်တာ Tore Knos ရိုက်ကူးထားပြီးတော့ Isaach de Bankolé,Vasile Flutur နဲ့ Susannah Perkins တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ Psychological Horror ဇာတ်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် ပုဂ္ဂလိကစုံထောက် Rick ဟာသာမန်လို့ပဲထင်ထားတဲ့ အမှုတစ်ခုကို စုံစမ်းရာကနေ သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားနိုင်တဲ့ အဖြစ်အပျက်တစ်ခုထဲကိုရောက်သွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုက တဖြည်းဖြည်းနက်ရှိုင်းလာတာနဲ့အမျှ ပဟေဠိတွေပိုများလာပြီးတော့ ထူးဆန်းဖြစ်ရပ်တွေပိုများလာပါတယ်။ မတိကျမသေချာမှုတွေသံသယတွေအမှားအမှန်ခွဲခြားရခက်တဲ့အခြေအနေကနေ သူဘယ်လိုရုန်းထွက်ပြီးတော့ အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုသူတွေအနေနဲ့ ရှုစားကြရမှာပါ။သည်းထိတ်ရင်ဖိုဖြစ်စရာထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်နဲ့ပရိသတ်ကိုဆွဲဆောင်ထားပြီးတော့ မမျှော်လင်ထားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် အစကနေအဆုံးအထိထိုင်ကြည့်ချင်သွားမှာ သေချာပါတယ်။