ဇာတ်လမ်းအကျဉ်းကတော့ အသက် ၄၀ အရွယ် လူလတ်တစ်ယောက်ဖြစ်တဲ့ဂျွန်နသန်ဟာ ဘောက်ဆင်လောကကို အနားယူပြီးတော့ ကိုယ်ပိုင် Gym ရုံလေးဖွင့်ထားခဲ့တယ်။အခြေအနေ အကြောင်းကြောင်း Gym ရုံကို ပိတ်ပစ်လိုက်ရပြီး home personal trainerအဖြစ်ရပ်တည်လိုက်ပါတယ်။ ကြွက်သားတွေအပြည့်နဲ့ ဆက်ဆီကျတဲ့ ခန္ဓာကိုယ်ကြောင့်ဒီလုပ်ငန်းမှာ အတော်လေး လူသိများပါတယ်။ ကိုယ်တိုင်က trainer အဖြစ်ရပ်တည်နေပေမယ့်တကယ်တမ်းမှာတော့ သင်တန်းသူတစ်ချို့ရဲ့မာယာကြောင့် အညှာလွယ်တဲ့သူဖြစ်လာခဲ့တယ်။ဒီလိုနဲ့တစ်နေ့မှာ နီကိုလတ်ကနေဒါဆိုတဲ့ ကလေးတစ်ယောက်က သင်တန်းလာစုံစမ်းတယ်ကျောင်းမှာခဏခဏအနိုင်ကျင့်ခံရတာကို မခံချင်တော့တဲ့အတွက် ဂျွန်နသန်ဆီမှာ လက်ဝှေ့လာသင်ဖို့ဆုံးဖြတ်ထားတဲ့ ဒီကလေးကိုအစမှာ လက်မခံချင်ပေမယ့် လက်တွေ့မြင်လိုက်ရတော့သနားပြီးလက်ခံခဲ့တယ်။ ဂျွန်နသန်ကိုအထင်ကြီးလေးစားတဲ့ နီကိုလတ်ဟာ တစ်ခုလတ်ဖြစ်နေတဲ့သူအမေနဲ့ဒိတ်ပေးဖို့ ကြိုးစားပေးပါတော့တယ် .. ။နီကိုလတ်ရဲ့အမေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ဂျွန်နသန်ရဲ့ ချစ်သူဟောင်းဖြစ်နေတဲ့အခါမှာတော့….