အသစ်ထွက် တလေဂူး မိသားစုဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။မဟတ္တမဂန္ဒီကို တအားလေးစားမြတ်နိုးတဲ့ ရာမာချန်ဒရာဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်။မြေးမလေးကိုတောင် ဂန်ဒီဆိုပြီး နာမည်ပေးထားရတဲ့ထိအောင်ပဲ။မြေးကလည်း အဘိုးဖြစ်သူနောက်လိုက်ပြီး ဂန္ဒီကြီးကို လေးစားချစ်ခင်တဲ့ ဖြစ်လာခဲ့တာပေါ့။တစ်နေ့မှာတော့ အဘိုးဖြစ်သူ ငယ်စဉ်ကစိုက်ခဲ့တဲ့ရွာပြင်က သစ်ပင်ကြီးကို ခုတ်ပစ်ဖို့ ဖြစ်လာတဲ့အချိန်ကျောင်းသူမလေးဂန်ဒီတစ်ယောက် ဂန္ဒီကြီးရဲ့ အကြမ်းမဖက်အာဏာဖီဆန်တဲ့နည်းအတိုင်းပဲသစ်ပင်ခုတ်မဲ့အရေးကို အကြမ်းမဖက်ဆန္ဒပြဖို့ စတင်ရာကစ ဘယ်လိုဇာတ်လမ်းဆုံးမလဲရှုစားကြပါဦး။