Michiganမြို့ဘက်မှာ အခြေတည်ပြီးရိုက်ကူးထားပြီး မှုခင်းအမျိုးအစား နဲ့ Dark Comedyတို့ကိုအချိုးကျစွာ ဆတူပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပြီးတော့ Michigaအနောက်အလယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ စစ်မှန်တဲ့ ခံစားချက်တွေ လှပတဲ့ရိုက်ချက်တွေကိုတစ်ဝကြီး ရှုမြင်ခံစားနိုင်မယ့်ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့အမေးရက်စ်ဟိုလီဆိုတဲ့ ဘုရားကျောင်းတစ်ကျောင်းကလူသေမှုကိုအခြေခံပြီးတော့ သေသွားတဲ့သူက မတော်တဆ သူ့ဘာသူ အချိန်တန်လို့ အနိစ္စရောက်သွားတာလား ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်( သို့ ) အုပ်စုဖွဲ့လုပ်ကြံလို့များ သေသွားတာလား စတဲ့ သံသယဝင်မှုများစွာတွေ လူသတ်သမားကဘယ်သူလဲ ဒါမှမဟုတ် လူသတ်သမားဆိုတာက မရှိဘူးလား စသဖြင့် တခြား မှုခင်းရုပ်ရှင်များနဲ့မတူပေါ့ပေါ့ပါးပါးနှင့် မထင်ထားလောက်တဲ့ plot twist များစွာ အတင်းလုပ်ယူမထားတဲ့ ဟာသများစွာနဲ့ ခန့်မှန်း မှန်းဆကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်