တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်ကြီးတွေပဲပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဟာသဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။မိသားစုဟာသကားဆိုလို့နူးနူးညံ့ညံ့တော့မထင်လိုက်ပါနဲ့။မိသားစုတွေကြားထဲကအချစ်အကြောင်းကို ကြမ်းကြမ်းတမ်းတမ်း အပစ်အခတ်တွေနဲ့ပုံဖော်ထားတာဖြစ်ပြီးဇာတ်လမ်းကကောင်းလွန်းလို့တစ်ကားလုံးမပျင်းရဘဲပရိသတ်ကိုစီးမျောခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Riff Raff ဖြစ်ပြီး လက်ရှိIMDb Rating 6.0 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေကလည်းလူငယ်ဘ၀မှာတင်မကဘဲအခုအသက်ကြီးတဲ့အထိ ကြမ်းနေဆဲဖြစ်တဲ့ အက်ရှင်လူကြမ်းမင်းသားကြီး Ed Harris တို့ American PieSeries မှာနာမည်ကြီးခဲ့တဲ့ Jennifer Coolidge တို့နာမည်ကြီးကလေးဟာသသရုပ်ဆောင် Miles J. Harvey တို့အပြင်တခြားသော နာမည်ကြီးတွေများစွာပါဝင်ထားတဲ့အတွက်တစ်ခါလောက်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်လမ်းက မိသားစုအကြောင်းဖြစ်တဲ့အတွက် ဒီဇာတ်ကားရဲ့အဓိကမိသားစုအကြောင်းစပြောရမှာပါပဲ။ဒီဂျေဆိုတဲ့ကောင်လေးက သူ့အမေဆန်ဒီနဲ့အတူတူသူ့ပထွေးဆိုပေမဲ့ အဖေအရင်းလိုချစ်ရပြီး အဖေလို့ပဲခေါ်တဲ့ဗင်းဆင့်တို့နဲ့အတူတူ ပျော်ရွှင်တဲ့မိသားစုလေးကိုထူထောင်ပြီးနေထိုင်ကြပါတယ်။အခုလည်း နှစ်သစ်ကူးနေ့မှာအပန်းဖြေဖို့အတွက်ကျေးလက်ကသူတို့ရဲ့အပန်းဖြေအိမ်မှာသွားရောက်နေထိုင်နေကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီညမှာပဲ သူတို့ဆီကို မထင်မှတ်ထားတဲ့ ဧည့်သည်တွေရောက်ချလာပါတော့တယ်အဲ့ဒီဧည့်သည်တွေကဘယ်သူတွေလဲဆိုရင်တော့ ဗင်းဆင့်ရဲ့သားအရင်း ရော့ကို သူ့ကောင်မလေးနဲ့ သူ့အရင်မိန်းမ ရုသ်တို့ပဲဖြစ်ပါတယ်။ရောက်လာတဲ့ပုံစံကတော့ရေးကြီးသုတ်ပျာဖြစ်နေပြီးဘာအကြောင်းအရင်းကြောင့်လဲဆိုတာလည်း သေချာမသိရသေးပါဘူး။ဒါပေမယ့် အဖေဖြစ်တဲ့ဗင်းဆင့်ကတော့ သူ့သားတစ်ကောင် ပြဿနာရှာလာပြီမှန်းတန်းသိလိုက်ပါတော့တယ်။ဒီလိုနဲ့ဒီအိမ်မှာ မိသားစု ၂ ခုအတူပေါင်းနေခဲ့ရပြီး ရော့ကိုသယ်လာတဲ့ပြဿနာတွေက ဒီအိမ်အထိလိုက်လာမလား……အဲ့ဒီပြဿနာကရောဘာဖြစ်မလဲ…..မိသားစုတစ်ခုအနေနဲ့ရော အဲ့ဒီပြဿနာကို သူတို့တွေအတူတူဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတွေကိုပါ စိတ်ဝင်စားစရာကောင်းစွာရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။