ငယ်စဉ်ကလေးဘဝတုန်းကကျွန်တော်တို့ပါးစပ်ဖျားထက်မှာစွဲခဲ့တဲ့ပါရာနာဝေးလို့လူသိများခဲ့တဲ့ Only the strongဇာတ်ကားဟာဆိုရင် 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးIMDb rating 6.7အထိရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်…မင်းသားကြီး Mark Dacascos နဲ့ မင်းသမီးStacey Travis တို့အဓိကသရုပ်ဆောင်ထားပြီးGeoffrey Lewis နဲ့ PacoChristian Prietoတို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ လူးဝစ်စတီဗင် (Mark Dacascos) ကသူ့ဒေသကနေနှစ်အတော်ကြာခွဲခွာပြီးစစ်သားတစ်ယောက်အဖြစ်တာဝန်ထမ်းနေရာကသူ့ဒေသဖလော်ရီဒါပြည်နယ်ကိုပြန်ရောက်လာတယ်သူတက်ခဲ့တဲ့လင်ကွန်အထက်တန်းကျောင်းကဆရာ့ဆီမှာအကူအညီတောင်းဖို့သွားရင်းကနေ သူ့ကျောင်းကကျောင်းသားတွေက ဆေးစွဲ အကြမ်းဖက်ဂိုဏ်းတွေနဲ့ပေါင်းပြီးဆိုးသွမ်းပျက်စီးနေကြတာတွေ့လိုက်ရတယ်…အဲ့ကျောင်းမှာ ဆရာပြန်လုပ်ဖြစ်ရာကကလေးတွေကိုစိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေလုပ်ပေးခဲ့တယ်…Capoeira ဆိုတဲ့ ဘရာဇီးရိုးရာသိုင်းပညာနဲ့ကလေးတွေပျက်စီးမှုရဲ့အဓိကတရားခံဖြစ်တဲ့မူးယစ်ဆေးဈေးကွက်ကိုအုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဆေးလ်ဗရီယို (Paco Christian Prieto) ကိုဘယ်လိုတွန်းလှန်ဖို့ကြိုးစားခဲ့လဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်ဆရာတပည့်ချစ်ခြင်းမေတ္တာတွေနဲ့လူငယ်တွေကိုပြုပြင်ပေးတဲ့ကားကောင်းလေးတစ်ကားဖြစ်လို့နှစ်သက်ကြမယ်ထင်ပါတယ်1993 ခုနှစ်က ထွက်ခဲ့တဲ့ကားဖြစ်တဲ့အတွက်ကြောင့်အကြည်လင်ဆုံးရနိုင်တဲ့ကွာလတီကိုတင်ဆက်ပေးလိုက်ရပါတယ်