လွန်ခဲ့တဲ့ နှစ်၁ထောင်ကျော်လောက်ကရေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးသော အချစ်ဇာတ်လမ်းဖြစ်တဲ့“ဂန်ဂျီမိုနိုဂါတာရီ” ဇာတ်လမ်းကို အခုထိလည်း တွင်တွင်ကျယ်ကျယ် ဖတ်လျက်ရှိနေကြတုန်းပါပဲ။ဇာတ်ကောင် ဟီဟာရူဂန်ဂျီဟာ ဧကရာဇ်မင်းရဲ့ ကိုယ်လုပ်တော်တစ်ယောက်ကိုချစ်ကြိုက်မိလို့နာကျင်ခံစားခဲ့ရတာကို ဖော်ပြထားပြီး ဒီနာကျင်မှုကနေ လွတ်မြောက်စေဖို့အတွက် ဂန်ဂျီဟာမိန်းကလေးအမြောက်အများနဲ့ ပတ်သတ်ခဲ့ပါတော့တယ်။ဒီ ဂန်ဂျီဆိုတဲ့ ဇာတ်ကောင်ကိုထိန်းချုပ်ထားတဲ့သူကတော့ စာရေးဆရာမ မူရာဆာကီရှီကီဘူပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ စာရေးဆရာမရှီကီဘူဟာ ဂန်ဂျီဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးပြီး ဟဲရန်ခေတ်ကာလမှာဇာတ်အိမ်ကိုတည်ထောင်ခဲ့ပါတယ်။ ဒီလို ဖန်တီးခဲ့ရာမှာ ရှီကီဘူတစ်ယောက် ဂန်ဂျီမိုနိုဂါတာရီနဲ့ ပတ်သတ်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့အချစ်ဇာတ်လမ်းအသစ်လေးကိုဘယ်လိုဖန်တီးပြောပြပေးသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ရှေးခေတ်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။