ဆယ်ဟီးဟာ အရမ်းချမ်းသာပြီး လှပလွန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ မိသားစုဝင်လို့ သတ်မှတ်ထားတဲ့ဂင်ဆောင်းဂျင်ဆီက သစ္စာဖောက်ခံရမှုကြောင့် စီးပွားပျက်ပြီး နေ့ချင်းညချင်း ဆင်းရဲသွားပါတော့တယ်။အကြွေးတွေပြန်ဆပ်နိုင်ဖို့ နေ့မနားညမအား အလုပ်တွေကြိုးစားနေပေမဲ့လည်းဂင်ဆောင်းဂျင်ဆီကမတော်မတရားပြုကျင့်ခံလိုက်ရတဲ့အပြင် ဖခင်ဖြစ်သူပါ စိတ်ဖောက်ပြီး အဆုံးစီရင်သွားတဲ့အခါမှာတော့…အဆိပ်ငွေ့တွေဖုံးလွှမ်းနေတဲ့ ဆယ်ဟီးတစ်ယောက် ၁၂နှစ်အကြာမှာတခြားလူတစ်ယောက်အဖြစ်လုံးဝပြောင်းလဲသွားပြီး နှစ်ပေါင်းများစွာ ထက်အောင်သွေးထားတဲ့ဓားတစ်လက်လို ဂင်ဆောင်းဂျင်ကိုလက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ဒီဇာတ်ကားလေးထဲမှာတော့၁၂နှစ်ကြာပြီးနောက် ဆယ်ဟီးအဖြစ် The Penthouse ထဲက မင်းသမီးကြီးShin Eun-Kyung နဲ့ တခြားနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။