ဒီရုပ်ရှင်ကတော့ လူတွေရဲ့လောဘအကြောင်းကို ပုံဖော်ထားတဲ့ ရယ်လည်းရယ်ရတဲ့ စပိန်ကားလေးတစ်ကားပါ အူနှိပ်ရယ်ရတဲ့ကားမျိုးတော့ မဟုတ်ဘူးနော် လူ့အဖွဲ့အစည်းကို လှောင်ထားတဲ့ထေ့လုံးတွေဇာတ်ကောင်တွေကြောင့် ပြုံးရတဲ့ အက်ရှင်ကားမျိုးပေါ့ ဂျူလီယာဆိုတဲ့ အိမ်ခြံမြေအကျိုးဆောင်က အခန်းတစ်ခန်းကို သွားပြရင်း မထင်မှတ်ပဲ သေသွားတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ ငွေထုပ်ကြီးကိုရသွားတဲ့အခါမှ သူ သူဌေးမကြီးဖြစ်ပြီဆိုပြီး လောဘတွေ တက်လာတယ်ဖြစ်ချင်တော့ အဲဒီအဖိုးကြီးမှာ ပိုက်ဆံတွေရှိနေတာကို အဲဒီတိုက်မှာရှိတဲ့ သူတွေ အကုန်လုံးက သိနေကြပြီး သူသေသွားရင်အတူတူခွဲဝေယူကြမယ်ဆိုပြီး အစီအစဉ်ဆွဲထားကြတာပေါ့ လောဘနောက်လိုက်ကြရင်း တစ်ယောက်အသက်ကို တစ်ယောက် ရန်ရှာမိကြတဲ့အထိပေါ့ နောက်ဆုံးမှာ ပိုက်ဆံတွေကို ရသွားတဲ့သူကဘယ်သူများဖြစ်မလဲ ဂျူလီယာတစ်ယောက် အသက်ရှင်ရက်နဲ့ အဲဒီတိုက်ထဲကနေ ထွက်လာနိုင်မှာလား ကဲ ကြည့်ကြည့်လိုက်နော်