ထူးဆန်းတဲ့ သုတေသနတစ်ခုနဲ့ လူသားတွေကို လျှို့ဝှက်စမ်းသပ်နေတဲ့ ဓာတ်ခွဲခန်းတစ်ခု..သူတို့စမ်းသပ်နေတဲ့အရာက လူသားတွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးလိုပွင့်လာတဲ့ပန်းဒီပန်းရဲ့နာမည်ကတော့ ရှာနီဒါတဲ့..ရှာနီဒါပန်းအကြောင်း ဒီသုတေသနစင်တာမှာလုပ်နေတဲ့သူတွေဘာသိထားလဲလို့မေးလာရင်တော့ ဒီပန်းဟာ ထူးဆန်းတဲ့ ဆေးတစ်မျိုးထုတ်ဖို့ သုံးနေတယ်ဆိုတာရယ်..ပန်းပွင့်နေစဉ်ကာလမှာ ဒီပန်းရဲ့လက်ခံကောင်ဖြစ်တဲ့ လူသားမှာစိတ်ပိုင်းဆိုင်ရာပြဿနာတချို့ကြုံရနိုင်တယ်ဆိုတာရယ်..ပန်းက လုံးဝအပြည့်အဝပွင့်သွားပြီဆိုရင် အဆိပ်အတောက် ဓာတုပစ္စည်းတွေထွက်တတ်လို့လက်ခံသူမှာ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာပါပဲဒီ ၃ ချက်ကလွဲရင် ပန်းနဲ့ပတ်သက်တာရော ပန်းကိုဘယ်မှာသုံးနေတယ်..ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ဘယ်သူမှမသိပါဘူး။ဒီလိုနဲ့ပဲ ဒီသုတေသနစင်တာကြီးမှာ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေရင်ပြီးပြီဆိုပြီး လုပ်နေကြတဲ့ဒေါက်တာအိုတာကီနဲ့ စိတ်ရောဂါကုဆရာဝန်မလေး ခရိုကိုတို့ ဒီပန်းနဲ့ပတ်သက်ပြီးသိချင်စိတ်တွေများလာချိန်မှာတော့…