ဒီတစ်ခေါက်အတွက်တော့ ခရစ္စမတ်အငွေ့အသက်တွေနဲ့မိသားစု သူငယ်ချင်း အချစ်တို့ကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းရဲ့အနှစ်သာရ စစ်မှန်တဲ့အချစ်တစ်ခုမှာ လူနှစ်ဦးပေါင်းစပ်ကြတဲ့အခါလိုအပ်ချက်တွေထဲ တစ်ဖက်ကကြီးပဲ ပေးနေလို့မရသလို အယူကြီးပဲရှိတဲ့တစ်ဖက်ပဲလဲဖြစ်လို့မရပါဘူးမိသားစု အသိုင်းအဝိုင်း ဘဝရဲ့ဦးစားပေးပုံချင်းမတူကြတဲ့အခါ အချင်းချင်းနီးနီးလေးနဲ့ဝေးနေကြသလို ဒီအတွက် အဆင်ပြေမယ်လို့မျှော်လင့်ချက်နဲ့နေလာခဲ့ရင်ဘဝဆိုတာ မသိလိုက်ဘဲစိတ်ညစ်စရာဖြစ်လာတော့မှာပါဒီကားထဲက Malik တစ်ယောက်လဲ သူယုံကြည်ထားတဲ့အချစ်တစ်ခုမှာအပေးကြီးပဲရှိတဲ့သူဖြစ်လာတာကို မသိခဲ့ဘဲနဲ့ မိသားစုကိုပါလျစ်လျူရှုမိပြီးသူ့ကိုယ်သူပျောက်ဆုံးနေခဲ့ပါတယ်ဒါပေမဲ့လို့ ခရစ္စမတ်နေ့အတွက် မိသားစုရှိရာဆီပြန်သွားရင်း သူဘာတွေလွတ်သွားခဲ့ပြီလဲသူပျောက်ဆုံးနေတာဘာတွေလဲမြင်လာနိုင်မလား အချစ်စစ်တစ်ခုကိုရောမှန်ကန်တဲ့သူတစ်ယောက်နဲ့အတူရှာဖွေတွေ့နိုင်မလားဆိုတာကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်