Reawakening FHD

Reawakening

Drama Mystery FHD 2024-09-13 5.6 90 Min

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့British Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဒါရိုက်တာ Virginia Gilbert က ရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Jared Harris,JulietStevenson နဲ့ Erin Doherty တို့က ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နဲ့မယ်ရီတို့ဟာ ပျောက်သွားတဲ့သူတို့ရဲ့ ၁၄ နှစ်အရွယ်သမီးလေးကလဲရ်ကို လိုက်ရှာနေခဲ့ပါတယ်။ဆယ်နှစ်ကြာပြီးနောက် တစ်နေ့မှာတော့ မမျှော်လင့်ထားပဲနဲ့ ကလဲရ်က အိမ်ပြန်ရောက်လာပါတယ်။နှစ်ပေါင်းများစွာကြာပြီဖြစ်တာကြောင့် မိဘဖြစ်သူတွေကလည်းမမှတ်မိကြတော့ပါဘူး။ ဒီလိုနဲ့နောက်ဆုံးမှာတော့ မိသားစုလေးပြန်လည်ဆုံဆည်းဖြစ်သွားပါပြီ။ဒါပေမယ့် သူက တကယ့်ကလဲရ်အစစ်အမှန်ရောဟုတ်ရဲ့လား။ဘာလို့ ဆယ်နှစ်ကြာပြီးမှ ပြန်ရောက်လာတာလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကိုဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။သမီးဖြစ်သူ ပျောက်ဆုံးသွားတာနဲ့ပတ်သတ်ပြီး မဖြေရှင်းနိုင်တဲ့ပဟေဠိတွေနဲ့ ရင်ဆိုင်နေရတဲ့မိဘဖြစ်သူနှစ်ယောက်ရဲ့ခံစားချက်ကိုပေါ်လွင်အောင်ဖော်ပြထားပါတယ်။IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ အရမ်းကြည့်လို့ကောင်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်တာကြောင့်ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။