IMDb Rating 5.2/10 နယူးဇီလန်ကနေ ယိုကိုဟားမားကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ စုံထောက်နှစ်ယောက်နဲ့ ယိုကိုဟားမားကို မိခင်ဖြစ်သူကိုရှာဖွေဖို့ ရောက်ရှိလာခဲ့တဲ့ ကောင်မလေးတစ်ယောက်တို့တွေ့ဆုံခဲ့ချိန်မှာ…………………ယိုကိုဟားမားမှာ ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးရင်း ဒီကောင်မလေးအတွက် မိခင်ကို ရှာဖွေပေးဖို့ အလုပ်လက်ခံခဲ့တဲ့ စုံထောက်နှစ်ယောက်…………ကောင်မလေးရှာဖွေနေတဲ့မိခင်ဖြစ်သူက ဒီစုံထောက်နှစ်ယောက်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခု ရှိနေသောအခါ….. ဒီစုံထောက်နှစ်ယောက်မှာ ဘယ်သူက ကောင်မလေးရဲ့ အဖေဖြစ်မလဲ????မိခင်ဖြစ်သူကိုရော ရှာဖွေတွေ့ရှိနိုင်ပါ့မလား????အက်ရှင်ဇာတ်ကားတစ်ကားဆိုပေမဲ့ ပေါ့ပေါ့ပါးပါးဟာသလေးတွေနှောထားပြီး ရိုက်ကူးထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကား ဖြစ်တာမို့ကြည့်ရှုလိုက်ရအောင်……