Revelations FHD

Revelations

Crime Thriller Mystery FHD 2025-03-20 7.5 122 Min

သင်းအုပ်ဆရာ မင်ချန်း (Ryu Jun Yeol) ဟာ သူ့ရဲ့ယုံကြည်မှုကိုဖြန့်ကျက်ဖို့နဲ့ အသင်းတော်အသစ်ကိုဖွဲ့စည်းဖို့အတွက် မြို့ငယ်လေးတစ်မြို့မှာ ဘုရားကျောင်းကို ဦးစီးနေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ယန်ရယ်ဆိုတဲ့လူတစ်ယောက်က ဘုရားကျောင်းကိုရောက်ရှိလာတာကြောင့် မင်ချန်းဟာယုံကြည်သူအသစ်လို့ထင်ပြီး ဝမ်းသာ‌‌သွားပေမဲ့ နောက်မှသိလိုက်ရတာက ယန်ရယ်ဟာ လျှပ်စစ်ခြေချင်းဝတ်ထားရတဲ့အကျဉ်းသားဟောင်းဖြစ်တဲ့အပြင် သူ့သားကိုပြန်ပေးဆွဲခဲ့တဲ့သူလည်း ဖြစ်နေပါတယ်။ဒါကြောင့် မင်ချန်းဟာ တရားဥပ‌ဒေနဲ့မဟုတ်ဘဲ သူ့လက်နဲ့ကိုယ်တိုင် အပြစ်ပေးခွင့်ရအောင်ဘုရားသခင်ကယန်ရယ်ဆိုတဲ့သူကို စေလွှတ်လိုက်တယ်လို့ ယုံကြည်လိုက်ပါတော့တယ်။စုံထောက် ယွန်းဟီး (Shin Hyun Bin) ကတော့ မင်ချန်းရဲ့သား ပျောက်ဆုံးမှုကိုစုံစမ်းစစ်ဆေးနေသူဖြစ်ပြီးလွန်ခဲ့တဲ့နှစ်‌တွေတုန်းက ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ညီမဖြစ်သူရဲ့ သေဆုံးမှုကြောင့်စိတ်ဒဏ်ရာရနေသူလည်း ဖြစ်ပါတယ်။ဒါကြောင့် မင်ချန်းတစ်ယောက်ပြန်ပေးသမားကို ဘယ်လိုအပြစ်ပေးသွားမလဲ..သူ့သားလေးကိုရော ပြန်တွေ့သွားမလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။