Simona Kossak HD

Simona Kossak

Drama History HD 2024-11-22 6.9 100 Min

ဆီမိုနာ ကိုဆတ်ခ် ဟာ ပိုလန် ဇီ၀ပညာရှင်၊ဂေဟဗေဒနဲ့သစ်တောသိပ္ပံပေါမောက္ခတစ်ယောက်ဖြစ်ပါတယ်။နိုင်ငံတွင်း သဘာ၀ဂေဟစနစ်ရဲ့ကျန်ရှိနေသေးတဲ့အစိတ်အပိုင်းတွေကိုထိန်းသိမ်းရေးတွေ၊တောနဲ့တောအုပ်ထဲတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက်လျှပ်စစ်မီးမရှိ ရေမရှိတဲ့ တောထဲက အိမ်တစ်လုံးမှာ တောရိုင်းတိရိစ္ဆာန်တွေနဲ့အတူနေထိုင်ရင်းကြိုးစားရုန်းကန်ခဲ့သူပါ။ဒီဇာတ်ကားကတော့သူ့ဘ၀ခရီးကြမ်းရဲ့အစိတ်အပိုင်းတစ်ခုကို ပုံဖော်ထားတာဖြစ်ပြီး၊ ဆီမိုနာရဲ့ခေါင်းမာမှု၊ ဇွဲလုံ့လ၊ အမျိုးသားတွေကြီးစိုးတဲ့ နယ်ပယ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ရင်ဆိုင်ရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။Biopic ဆိုပေမယ့် ပျင်းစရာကောင်းမနေပဲ အဆုံးထိအလွယ်တကူဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ တောနဲ့တောရိုင်းတိရိစ္ဆာန်တွေ သဘာ၀ကိုမြတ်နိုးသူတွေမြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါပဲ။