Officer on Duty HD

Officer on Duty

Crime Thriller HD 2025-02-20 6.8 137 Min

အီလေးဆွဲမနေဘဲ ဇာတ်လမ်းဇာတ်အိမ်ခပ်သွက်သွက်နဲ့ စိတ်ဝင်စားစရာအိန္ဒိယရုပ်ရှင်သစ်တောင့်တနေသူတွေအတွက်ဒီမလေယာလမ်ကားလေးက စိတ်အဆာပြေစေမှာပါ။ဆယ်စုနှစ် နှစ်ခုကျော်လောက်မှာ ရုပ်ရှင်ကားပေါင်းတစ်ရာကျော်ရိုက်ကူးခဲ့ပြီးတဲ့မလေယာလမ်မင်းသားကြီး ကွန်ချက်ကိုဘိုဘာရဲ့ရုပ်ရှင်ကားသစ်။Box Officeမှာဆိုလည်း ဝင်ငွေကောင်းခဲ့တဲ့ရုပ်ရှင်။ဒီထဲမှာ ခပ်ကြမ်းကြမ်း ရဲအရာရှိနေရာက သရုပ်ဆောင်ထားပေမဲ့ သူ့ရဲ့အချစ်ဇာတ်ရုပ်ပိုင်နိုင်မှုကြောင့်ချောကလက်ကောင်လေးလို့တောင်ခေါ်ခြင်းခံရတဲ့ မင်းသားတစ်လက်ပါ။ဟာရီဆိုတာ ဒုရဲမှူးရာထူးကနေ ရဲအုပ်အဖြစ် ရာထူးလျောခြင်း ခံထားရတဲ့သူ။သူ့ရဲ့ ဒေါသစိတ်၊ အလိုလိုသိစိတ်နဲ့ အမှန်တရားဘက်တော်သားဆိုတဲ့စိတ်ကိုအထက်အရာရှိတွေကတောင် လန့်ကြရတယ်။တစ်နေ့ အပေါင်ဆိုင်မှာ စပယ်ယာတစ်ယောက် ဆွဲကြိုးအတုလာပေါင်ရာကစလို့မီးခိုးကြွက်လျှောက်လိုက်ပြီးဖော်ထုတ်မိချိန်မှာထိတ်လန့်အံ့ဩစရာအမှုအခင်းတွေရယ်သူ့ရဲ့အတိတ်က အဖြစ်အပျက်တွေရယ်နဲ့ ဆက်စပ်နေချိန်မှာတော့…။