မိတဆိုးသားလေး ဘတ်ရှန်ဟာ စိတ်ကူးယဉ်ဆန်တတ်ပေမဲ့ လက်တွေ့သမားကြီးအဖေကတော့ စိတ်ကူးယဉ်မဆန်တေ့ာဖို ရင့်ကျက်ပြီး ပြဿနာတွေကို ရှောင်မပြေးဘဲ စပြီးရင်ဆိုင်စေချင်တယ်။တနေ့မှာကျောင်းက ကလေးတွေရဲ့ အနိုင်ကျင့်တာကိုမခံချင်တော့လို့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ၀င်ပုန်းရာကနေ ဆိုင်ပိုင်ရှင်အဖိုးကြီးဖတ်နေတဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို စိတ်၀င်စားမိပြီး ဆိုင်ရှင်မသိအောင်ယူလာခဲ့တယ်။ ဆိုင်ရှင်အဖိုးကြီးပြောတာကတော့ အဲဒီစာအုပ်ဟာ ဘတ်ရှန်ဖတ်နေကျစာအုပ်တွေလိုမျိုး မလုံခြုံဘူးတဲ့။ အမြဲတမ်း လုံခြုံတဲ့စာအုပ်တွေကိုပဲဖတ်နေခဲ့တဲ့ဘတ်ရှန်ဟာ ထိုစာအုပ်ကိုဖတ်ပြီးနောက်မှာ ဖန်တေးရှားဆိုတဲ့တိုင်းပြည်တစ်ပြည်အကြောင်းကိုသိရပြီး ဖတ်နေတဲ့စာအုပ်ဟာ သူနဲ့ဆက်စပ်မှုရှိတယ်ဆိုတာကို သိလာရတဲ့အခါမှာတော့…ဘယ်လိုစွန့်စားခန်းမျိုးတွေကို ကြုံတွေ့ရမလဲဆက်လက်ကြည့်ရှုလိုက်ပါဦး။