Endless Summer Syndrome HD

Endless Summer Syndrome

Drama Thriller HD 2023-10-16 5.8 98 Min

ဒီကားလေးကတော့  2023 ထွက် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားကတော့ မွေးစားကလေးနှစ်ယောက်ရဲ့အမေ ဒက်ဖနီရဲ့ဇာတ်ကောင်ကို ဗဟိုပြုထားပါတယ်။ သူမမှာမွေးစားကလေးနှစ်ယောက်ပါဝင်တဲ့ မိသားစုတစ်ခုရှိပြီး၊ သားဖြစ်သူ နယူးယော့ခ်ကိုမသွားခင် အတူအပန်းဖြေနေခိုက်မှာ အမည်မသိဖုန်းတစ်ကောလ်၀င်လာပြီး သူ့ယောက်ျားက မွေးစားကလေးထဲမှ တစ်ဦးနဲ့သံသယ၀င်စရာဆက်ဆံရေးရှိတဲ့အကြောင်း သိရှ်ိသွားပုံကနေ ဇာတ်လမ်းကိုစတည်ထားပါတယ်။ ဒိီဇာတ်လမ်းကို မိသားစုသံယောဇဉ်နဲ့ ယုံကြည်မှုအကြောင်းကို လှည့်ကွက်များစွာနဲ့ရိုက်ကူးထားပါတယ်။သရုပ်‌ဆောင်များကလည်း ‌ပြေပြစ်ပြီး အထူးသဖြင့် အဓိကဇာတ်ဆောင်ဖြစ်သူက ထိမိစေမယ့်သရုပ်ဆောင်မှုနဲ့ ဒက်ဖနီဆိုတဲ့ဇာတ်ကောင်ကို လှလှပပဖန်တီးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဟာ တဖြည်းဖြည်းမိုးတိမ်ထူလာသလို အတွင်းထဲက သံသယတွေနဲ့ စိတ်ဖိစီးမှုတွေ သက်တမ်းတိုးလာပြီး မျှတမနေတဲ့ တရားမျှတမှုကြားမှာ ရုန်းကန်နေရတဲ့ မိခင်တစ်ယောက်မယားတစ်ယောက်ရဲ့အပူတွေကိုခံစားရမှာပါ။Endless Summer Syndrome ဟာ တကယ်လူ့စိတ်ကို ထိခိုက်စေပြီး တဖြည်းဖြည်းနဲ့ အမှန်တရားတစ်ခုခုကို ရှာဖွေနေရမယ့် ခံစားမှုကို ရှုမြင်စေသည့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။