ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ဘာသာစကားပြော Romance,drama ဇာတ်ကားလေးပါ…. အသက် ၆၀ အရွယ်ရှိပြီးတော့ မျက်လုံးတစ်ဖက်ပဲရှိတဲ့ ရာဖဲလ်ဟာသူ့မိခင်နဲ့အတူနေထိုင်ပါတယ်….သူဟာစံအိမ်ကြီးတစ်အိမ်ကိုကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး စံအိမ်ကြီးရဲ့ပိုင်ရှင်ဆုံးပြီးကထဲက သူတို့သားအမိနှစ်ယောက်ပဲအေးအေးဆေးဆေးနေထိုင်လာခဲ့ကြပါတယ်…..မိုးတွေသည်းနေတဲ့တစ်ည စံအိမ်ကြီးရဲ့အမွေခံဖြစ်သူ ဂဲရန်စ့်ချပ်တဲလ်ဆိုတဲ့ အမျိုးသမီး အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ရာဖဲလ်ရဲ့တည်ငြိမ်နေတဲ့ဘဝလေးစတင်လှုပ်ခတ်လာပါတော့တယ်….