Dalia and the Red Book FHD

Dalia and the Red Book

Drama Fantasy Adventure Animation FHD 2024-10-17 7 106 Min

Animation ကားတွေကြည့်ရတာကြိုက်နှစ်သက်သူတွေစာအုပ်စာပေကိုချစ်မြတ်နိုးသူတွေအတွက် ဒီအရာနှစ်ခုကိုမျှမျှတတပေါင်းစည်းထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးဖြစ်အောင်ပုံဖော်ဖန်တီးထားတဲ့ Animationကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Dalia and the Red Book (Dalia y elLibro Rojo) ဖြစ်ပြီး လက်ရှိ IMDb Rating 6.7 အထိရရှိထားပါတယ်။ဇာတ်လမ်းလို့ပြောပေမဲ့ဒီဇာတ်လမ်းမှာဇာတ်သိမ်းဆိုပြီး မရှိဘဲ တန်းလန်းကြီးဖြစ်နေတဲ့အတွက်ဇာတ်ကားထဲမှာတင်ဇာတ်သိမ်းကိုရေးသွားမှာမျိုးဖြစ်တဲ့အတွက် ပုံမှန်မြင်တွေ့နေကျ ဇာတ်ညွန်းတွေနဲ့တော့ကွဲထွက်နေမှာပဲဖြစ်ပါတယ်။ဒါလီယာဆိုတဲ့ကောင်မလေးမှာ စာရေးဆရာအဖေနဲ့ အယ်ဒီတာအမေတို့ရှိကြပြီး သူတို့ရဲ့ဘ၀လေးကပျော်ရွှင်စရာကောင်းခဲ့ပါတယ်။တစ်နေ့မှာတော့သူတို့အားလပ်ရက်ခရီးထွက်ရင်းတွေ့ခဲ့တဲ့ကျေးလက်အိမ်လေးတစ်လုံးကို သူ့အဖေကအရမ်းသဘောကျပြီးဝတ္ထုရှည်ရေးဖို့စိတ်ကူးစိတ်သန်းရသွားပါတော့တယ်။ဒီလိုနဲ့အဲ့ဒီခရီးကနေ အိမ်ပြန်ရောက်ရောက်ချင်းထမင်းမေ့ဟင်းမေ့စရေးခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ တစ်အုပ်လုံးမပြီးသေးခင်မှာဆုံးပါးသွားပါတော့တယ်။ဒီလိုနဲ့ဒါလီယာတို့သားအမိနှစ်ယောက်တည်းကျန်ခဲ့ပြီးဒါလီယာလည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ သူ့အဖေစာကြည့်ခန်းထဲ ဒါလီယာဝင်ကြည့်ရင်းနဲ့ သူ့အဖေရဲ့မပြီးသေးတဲ့စာအုပ်ကိုတွေ့သွားတဲ့အခါမှာတော့စာအုပ်ထဲကဇာတ်ကောင်တွေက အသက်ပြန်ဝင်လာခဲ့ပြီးသူ့အဖေရဲ့မပြီးသေးတဲ့ဇာတ်သိမ်းကို ဒါလီယာတစ်ယောက်အဆုံးသတ်ပေးနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာရှုစားရမှာပဲဖြစ်ပါတယ်။