2024မှာထွက်ရှိထားတဲ့ ဒီကားလေးဟာ si-fi horrorကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အစမှာတော့ Alex ဟာ သူ့အိမ်မှာ ပါတီပွဲလုပ်ရင်း သူငယ်ချင်းများနဲ့ပျော်ပါးနေကြပါတယ်။ထို့နောက်မှာတော့ Alexရဲ့ ချစ်သူကောင်မလေး Tatiana ဟာရေကူးနေရင်းနဲ့ အလင်းတန်းတစ်ခုပေါ်လာပြီး ပေါက်ကွဲမှုဖြစ်ကာ ပျောက်ကွယ်သွားပါတယ်။ထိုအဖြစ်အပျက်ဟာAlexရဲ့ချစ်ခင်ရင်းနှီးကတဲ့သူငယ်ချင်းPatricia နဲ့ Alexကို တဖက်သပ်ကြိုက်နေတဲ့ Deliah တို့ရဲ့မျက်စိရှေ တည့်တည့်မှာတင်ဖြစ်ပျက်သွားတာဖြစ်ပါတယ်။Alexကတော့ သူ့ချစ်သူကောင်မလေးဟာအသက်ရှင်နေတုန်းပဲဆိုတာကို ယုံကြည်လက်ခံထားပြီး စုံစမ်းမှုတွေပြုလုပ်ပါတော့တယ်။စုံစမ်းမှုတွေအရထိုပျောက်ဆုံးသွားမှုက အစိုးရနဲ့ပါသက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ Alex,Patricia,Deliah နဲ့ Aleသူငယ်ချင်း Georgeတို့ဟာ လူပျောက်ရှာဖွေရေးစွန့်စားခန်းကိုထွက်ပါတော့တယ်။သူတို့ဟာ နောက်ဆုံးမှာ Tatiana ကိုရှာတွေနိုင်မှာလား….ဘယ်လိုလျှို့ဝှက်ချက်တွေကိုရှာဖွေတွေ့ရှိသွားမလဲ…..အခက်အခဲတွေကိုသူတို့ဘယ်လိုကျော်ဖြတ်ကြမလဲကိုစိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်…..