အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Action/Horror အမျိုးအစားရုပ်ရှင်ကားလေးဖြစ်ပါတယ်.ဒီကားလေးမှာဆိုရင် မသေမျိုးအဖြစ်ပြောင်းသွားတဲ့ ဘုန်းတော်ကြီးတစ်ပါးနှင့်လက်မရွံ့အဖွဲ့တို့ဟာ ကျွန်းတစ်ကျွန်းပေါ်မှာပျောက်သွားတဲ့ စစ်သားများကို လိုက်လံရှာဖွေရတဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်..အကြောင်းကြောင်းကြောင့် မသေမျိုးဖြစ်သွားတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ဇာတ်မြှုပ်ရင်းနေထိုင်နေစဉ်မှာ စစ်ဗိုလ်နှစ်ယောက်ရောက်ရှိလာပြီး အပေးအယူလုပ်ကာ အသေခံစစ်ဆင်ရေးလုပ်ရမယ့် ကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်..သို့သော်လည်း ၎င်းနှင့်အတူပါလာတဲ့အဖွဲ့သားများဟာတကယ့်စစ်ဆင်ရေးရဲ့ သရုပ်သကန်အမှန်ကို မသိထားဘဲစစ်သားပျောက်ရှာဖွေရေးအနေနဲ့သာ သိရှိခဲ့ပါတယ်..ရွာတစ်ရွာအရောက် စစ်သားများအကြောင်း စုံစမ်းမေးမြန်းရာအနီးအနားရှိအမေရိကန်စစ်စခန်းတစ်ခုရှိကြောင်း သိရ၍သွားရောက်ကြတဲ့အခါမှာတော့ ရုပ်ပျက်ဆင်းပျက်အလောင်းများကို နေရာအနှံ့တွေ့ရပြီး တိုက်ပွဲဒဏ်ရာမဟုတ်မှန်းသတိထားမိကာထိတ်လန့်ကြရပါတော့တယ်..ထိုသို့ ထိတ်လန့်ခြင်းနဲ့အတူ ရှိနေကြစဉ်မှာပဲ သွေးစုပ်ဖုတ်ကောင်များရုတ်တရက် ပေါ်ပေါက်လာချိန်မှာတော့ ဘုန်းတော်ကြီးနှင့်အဖွဲ့သားတို့အသက်ဘေးအန္တရာယ်ရှိလာပါတော့တယ်..ထိုအသက်ဘေးကို လက်မရွံ့အဖွဲ့သားများ လွတ်မြောက်နိုင်ကြမလား…သေချင်နေတဲ့ မသေမျိုးဘုန်းတော်ကြီးရော ဆန္ဒပြည့်သွားမလား….အသက်နဲ့ခန္ဓာကိုသွေးစုပ်ဖုတ်ကောင်တို့လက်ထဲပဲ ဝကွက်အပ်လိုက်ရသလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း အဖြေရှာကြည့်ကြစေချင်ပါတယ်…ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက်သေနတ်ပစ်ခန်းများပါရှိသလို သည်းထိတ်ရင်ဖိုရုန်းရင်းဆန်ခတ် သွေးစုပ်ဖုတ်ကောင်များနှင့်နပန်းလုံးကြတဲ့အခန်းများ ပါရှိတဲ့အတွက် ပရိသတ်များ မြည်းစမ်းကြည့်နိုင်ကြဖို့ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….