DC ရဲ့ 2025 မှာ ကြည့်စရာ Batman Anime ရုပ်ရှင်ထွက်လာပါပြီ … Anime စတိုင် Artwork အလန်းစားတွေနဲ့ Batman ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။Bat Family , Justice League , ဘတ်မန်းရဲ့ဗီလိန်ကြီး Ras al Ghul တို့ကိုအားလုံးကို Costume ဒီဇိုင်းအလန်းစား Fight Scene ခပ်လန်းလန်းတွေနဲ့ မြင်ရမှာဖြစ်ပါတယ်။DC ကထုတ်တဲ့ animated movie တွေဆိုရင် အတော်လေးအားစိုက်ထားတာကိုကြည့်တာနဲ့သိသာပါတယ်။ဇာတ်လမ်းကို လိုရင်းပြောရရင် ဘတ်မန်းနဲ့ ရော်ဘင်တို့ရဲ့ အချိန်ခရီးသွားမှုကနေ ဒိုင်မန်းရှင်းတွေပြောင်းသွားပြီး သူတို့နေတဲ့ ကမ္ဘာကြီးမှာ ဂျပန်နိုင်ငံတည်ရှိတဲ့ ကျွန်းကြီးတစ်ခုလုံးမြေပုံကနေ ပျောက်ကွယ်သွားပြီး အစထဲက မရှိခဲ့သလိုဖြစ်သွားပါတယ်။အချိန်ခရီးသွားကနေ ပြန်လာတဲ့ ဘတ်မန်းဟာ တစ်ခုခုမှားယွင်းနေတာကိုသိလိုက်ပြီး သူတို့ကမ္ဘာမှာဂျက်စတစ်လိဂ်အဖွဲ့လည်းမရှိတော့ပါဘူး။တကယ်တော့ ဂျပန်ပြည်ကြီးက ကောင်းကင်မှာ မျောလွင့်နေတဲ့ ကျွန်းကြီးဖြစ်သွားပြီး ဂျက်စတစ်လိဂ်ကလည်း ယာကူဇာဂိုဏ်းဝင်ဗီလိန်တွေအဖြစ်ပြောင်းလဲသွားပါတယ်။ဒီ timeline ချိန်းသွားတာကို ပြင်ဆင်ဖို့အတွက် ဘရုစ်ဝိန်းတစ်ယောက် ကြိုးစားရင်း ယာကူဇာလိဂ်အဖွဲ့နဲ့ Bat family ရင်ဆိုင်ကြတဲ့ အလန်းစား Animatedရုပ်ရှင်တစ်ကားဖြစ်ပါတယ်။