ဇာတ်လမ်းအကျဉ်း…. တိတ်ဆိတ်ငြိမ်သတ်နေတဲ့ မြို့လေးတစ်မြို့မှာရှိတဲ့ မြို့သူမြို့သားများဟာ Bone Face လို့ခေါ်တဲ့ လူသတ်သမားကြောင့် ထိတ်လန့်နေကြပါတယ်။ဒီတစ်ခါမှာတော့နွေရာသီစခန်းတစ်ခုဟာ လူသတ်သမားရဲ့ ပစ်မှတ်ဖြစ်လာပြီးတော့ သန်းခေါင်ယံအချိန်မှာတော့ စခန်းမှာရှိနေတဲ့ သူတွေအကုန် အသတ်ခံလိုက်ရပါတော့တယ်။နယ်ထိန်း Cronin နဲ့ ဒုအရာရှိ McCully တို့ဟာ ညတွင်းချင်းပဲ တရားခံကို ဖမ်းဆီးဖို့ ခြေရာခံခဲ့ကြပြီး လူသတ်သမားရှိနေနိုင်တဲ့ စားသောက်ဆိုင်တစ်ခုကို ရောက်ရှိသွားကြပါတယ်။ တရားခံကိုနောက်ဆုံးမှာရှာဖွေတွေ့ရှိသွားမလား လွတ်မြောက်သွားမလားဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။