ဇာတ်လမ်း စစချင်းမှာ သာမန်လူတန်းစားတွေပျော်ပါးနေတာကို တွေ့မြင်ရပြီး တစ်ဖက်ဆိတ်ကွယ်ရာမှာသက်ငယ် မိန်းကလေးနှစ်ယောက်ကို အဓမ္မ ပြုကျင့်ခံနေရတာကို ပြထားခဲ့ပါတယ်။ဘယ်သူဘယ်ဝါတွေကများ ဒီလို လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ရက်ကြတာလဲ။အာယန် ရန်ဂျန်ဟာ ဒီလားဂွန်းဆိုတဲ့ နယ်မြို့လေးကိုပူပူနွေးနွေး ရောက်လာခဲ့ပါတယ်။ရှေးရိုးစွဲ ဝါဒတွေ ကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရဲအရှာဟာလမ်းခရီးမှာတင် ဒရိုက်ဘာကအစ အမျိုးဇာတ်ခွဲခြားတဲ့ အယူဝါဒတွေ စွဲနေသေးတာကို ၊ဒီမြို့ငယ်လေးမှာ ဒီလို အယူဝါတွေ ရှိနေသေးတာကို တွေ့မြင်လိုက်ရပါတယ်။မကြာပါဘူး….စခန်းမှာ လူပျောက်လာတိုင်တာကို တွေ့ခဲ့ရတယ်။ ပျောက်တာက မိန်းကလေးသုံးယောက်တောင်။ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တော့အသတ်ခံရပြီး ၊သစ်ပင်မှာကြိုးနဲ့ တွဲလောင်းချိတ်ထားတဲ့ မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်ရတယ်။နောက်တစ်ယောက်ကတော့ ရှာမတွေ့သေးဘူး။အောက်လက်ငယ်သား ရဲသားတွေကတော့ဒီအမှုကို လုံးဝမလိုက်ဖို့၊ အမှုပိတ်သိမ်းဖို့ ၊မြို့တွင်းက မှောင်ခိုဂိုဏ်းခေါင်းဆောင်အထိ ပါလာမှာဖြစ်လို့ဆိုပြီးအ,ဂတိကင်းတဲ့ ရဲအရာရှိကို တားခဲ့ကြပါတယ်။ဒါပေမဲ့…. သူဟာ လူငယ်တစ်ယောက်မို့အမှန်တရားကို လက်ကိုင်ထားပြီး ဒီအမှုကို အဆုံးအစွန်ထိ လိုက်ရာမှာတော့……လှည့်ကွက်တွေ၊ မြှုပ်ကွက်တွေနဲ့ ဖြေးဖြေးအေးအေး ကြည့်ရှုရမှာဖြစ်ပြီးလူတွေ ပျောက်ဆုံးမှုတွေ၊ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ အတူ ဇာတ်လမ်းကိုအဆုံးထိ ဆွဲခေါ်သွားမှာမို့ ကိုယ်တိုင် ကြည့်ရှုခံစားရမှာပဲ မဟုတ်လား။