Speak No Evil FHD

Speak No Evil

Horror Thriller FHD 2024-09-11 7.266 110 Min

ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။စိတ္တဇလူသတ်သမား စုံတွဲကိုသားကောင်လင်မယားက မေးတဲ့အခန်းပေါ့။“မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ”“မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ”ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲသားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီးဆိုက်ကိုဟော်ရာ thriller အဖြစ်ပြောင်းလဲထားတာပါ။ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ဒါရိုက်တာက JamesWatkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီးJames McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။