ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်းရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။နောက်သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက်ချောင်းကြည့် အကုန်လုပ်ပေါ့။ နောက်ကျ သူတို့ကားသော့ပါယူပြေးရော။ ဒီလိုနဲ့ မိုက်ကယ်ကြီးက ကားသော့ပြန်ယူဖို့ကြိုးစားရင်း ကတောက်ကဆတ်တွေဖြစ်လာတယ်။ ဒီနောက်ဘယ်လိုအသည်းထိတ်စရာတွေ ကြုံရမလဲကြည့်ရမှာပါ။ ၁၂နှစ်ကလေးတွေနဲ့ဖြစ်တဲ့ဇာတ်ကိုမှ တော်တော်ကြီးကြမ်းနေတော့ အသဲထိတ်စရာတော်တော်ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ကြည့်ကြည့်ပါ။ Must Watch ပါပဲ။ ဒါမျိုးကားဆိုတာ ရှားရှားပါးပါးနဲ့ကို အရသာရှိနေတဲ့ကားလို့ဆိုရပါမယ်။