ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) ကိုယ့်အနားမှာ ဖက်စရာခွေးလေးကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ…တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်းတစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ်လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့အလုအယက်ဝယ်နေကြပါတယ်ဒါ့အပြင် မြူခိုးတွေအကြောင်းနဲ့မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်းအထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့စကားများ ဖောင်းပွလျက် ရှိပါတယ်ဒီလို နဲ့သိပ်မကြာခင်ပဲ မြူခိုးများတစ်ဖြေးဖြေး များလာတော့တစ်ချို့က အိမ်မပြန်ရဲတော့ပဲစူပါမားကတ် အတွင်းကသာမြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ်ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများမပျောက်ပဲကြောက်မက်ဖွယ်ကောင်းသော အကောင်များသူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကိုမသိခဲ့သော အခါ….ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ရဲမာန်အောင် ဖြစ်ပြီး သစ်ဆန်းခန့် မှတင်ဆက်ပေးထားပါတယ်