ခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့Action အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာဆိုရင် မီးခံသေတ္တာဖောက်ပါရဂူတစ်ယောက်နဲ့ သူ့ရဲ့မိတ်ဆွေဟောင်းတို့ပြန်ဆုံကြပြီးငွေခိုးယူမှုလုပ်ကြပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…..Landon Mooney ဟာ ဆိုရင် မီးခံသေတ္တာဖောက်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ဘဏ်ဖောက်ထွင်းမှုတွေကိုလုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ် သို့သော်လည်း သူဟာ ကတိမတည်တတ်သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလုပ်အတူတွဲလုပ်ခဲ့သူကို ဝေစုမပေးဘဲ ထွက်ပြေးရာ မိတ်ဆွေဟောင်းအကြွေးရှင်ရဲ့လိုက်လံရှာဖွေမှုကို ခံရပါတော့တယ်..မိတ်ဆွေဟောင်း အကြွေးရှင်ဟာလည်း ထောင်ကျနေသူဖြစ်တဲ့အတွက် တူဖြစ်သူ Elvis ထံ တာဝန်ပေးလျက် Mooney ကိုရှာဖွေစေခဲ့ပါတယ်..အရက်သောက်လောင်းကစားလုပ်ကာ ခိုးရာပါ ဒေါ်လာ ၁ သိန်းခွဲကိုဖြုန်းတီးပစ်ကာ ကိုယ်ပိုင်အိမ်မရှိဘဲ မြေးမတစ်ယောက်အိမ်မှာကပ်နေရသူ Mooney နဲ့ Elvis တို့ ဆုံရချိန်မှာတော့ အကြွေးပေးစရာဘာပိုင်ဆိုင်မှုမှမရှိသောMooney တစ်ယောက်ဟာအသတ်ခံရမယ့်ဘေးကို ဆိုက်ရောက်လာပါတော့တယ်သို့သော်လည်း Elvis ဟာ စိတ်ရင်းကောင်းသူတစ်ယောက်ပီပီMooney တစ်ယောက် အသတ်မခံရရေးအတွက်အကြွေးဆပ်ရမည့်ငွေရှာဖွေနိုင်မယ့်နည်းလမ်းရှာဖွေပေးဖို့ အတင်းအကြပ်ပြောဆိုလာချိန်မှာတော့ အကြံအစည်ရှိပြီးသား Mooney ဟာ ချက်လက်မှတ်နှင့်ငွေလဲဌာနကို ပစ်မှတ်ထားမည့်ဖောက်ထွင်းမှုအစီအစဉ်ကို ချပြလာပါတော့တယ်…Mooney တစ်ယောက်ဟာ ရှေ့မီနောက်မီဖြစ်သူပီပီ မြို့အတွင်းအဆောက်အဦများအကြောင်း နောကြေသူဖြစ်ရာ ဖောက်ထွင်းမှုကိုလွယ်လွယ်ကူကူပဲတစ်ပတ်အတွင်းအစီအစဉ်ချပြီး ၈ ရက်မြောက်တဲ့နေ့ ဖောက်ထွင်းမှုလုပ်ချိန်မှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ပေါ်ပေါက်လာတဲ့နောက်မှာတော့…ဒီကားလေးဟာဆိုရင်ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်မှုကောင်းပြီးဇာတ်သဘောအချိုးအကွေ့တွေနဲ့ ပရိသတ်ကို လှည့်စားထားလို့Action ကားချစ်သူများ Thriller ကားချစ်သူများရဲ့စိတ်ကို အာသာပြေစေနိုင်မယ့်ကားလေးဖြစ်ကြောင်းညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…