ဂျော့ရှ်နဲ့ရိုဟန်ဆိုတဲ့ ဂေးစုံတွဲလေးတစ်တွဲဟာ ပိတ်ရက်မှာ မိဘချင်းမိတ်ဆက်ကြဖို့အတွက် စံအိမ်ကြီးတစ်လုံးကိုငှားလိုက်တာကနေ ထုံးစံအတိုင်း သရဲပြဿနာကစပါတယ် ။ ဖြစ်ချင်တော့ အဲ့အိမ်မှာသုံးလောင်းပြိုင်လူသေမှုတစ်ခုဖြစ်ထားပြီး နတ်ဆိုးတစ်ကောင်ကပါနေနေသေးတယ် ။ ရို့ဟန်အဖေကို သရဲပူးသလိုနတ်ပူးသလိုလိုဖြစ်သွားတာကနေစပြီးထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်လာတဲ့အပြင် နွေခေါင်ခေါင်နှင်းတွေက အိမ်ကြီးတစ်ဝိုက်ကိုဖုံးလွှမ်းသွားတဲ့အခါ သရဲခြောက်တဲ့အိမ်ကြီးထဲပိတ်မိသွားတဲ့မိသားစုနှစ်စုကဘာတွေကိုရင်ဆိုင်လာရမလဲ ။လွတ်မြောက်ဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ဟာသလေးတွေနှောပြီး ကြည့်ရှု့သွားရမှာပဲဖြစ်ပါတယ် ။ Horror ပေမယ့် light hearted movie လေးတစ်ခုဖြစ်တာကြောင့်အချိန်ပေးရတန်ပါတယ် ။