ယောကျ်ားမယူဘဲ career woman လုပ်မယ်ရယ်လို ကြွေးကြော်နေတဲ့ဓာတ်ပုံဆရာမလေး Pia ကို သူ့မိသားစုဝင်တွေက အိမ်ထောင်ဘက်ဝိုင်းရှာပေးကြတဲ့ ဇာတ်လမ်းပါပဲ ။ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်ကPia အတွက် ဟောလိုက်တဲ့ဟောကိန်းကတော့ နောက်ထပ် တွေ့ရမယ့်ကြင်ဖက် ၅ ယောက်ထဲမှာ သူ့ရဲ့ ဖူးစာရှင် ရှိပါတယ်တဲ့ ။ဒီစကားကို ကြားတဲ့ မိသားစုဝင်တွေက Pia အတွက် ကြင်ဖက်တစ်ယောက်စီ ရှာပေးဖိုတာဝန်ယူလိုက်ကြပါတော့တယ် ။ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့ မင်္ဂလာပွဲမှာ Pia ရဲ့ အချစ်ဦး ဖြစ်သလိုရည်းစားဟောင်းလည်း ဖြစ်တဲ့ Charlie က သတိုသားအရံဖြစ်နေပါသေးတယ် ။ဒါဆိုရင်တော့ Pia ရဲ့ကြင်ဖက် ငါးယောက်ထဲမှာ ဘယ်တစ်ယောက်ကများ သူ့အိမ်ထောင်ဘက် ဖြစ်နိုင်မလဲ ။ဒါမှမဟုတ် ရည်းစားဦး ဖြစ်တဲ့ Charlie နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလားဆိုတာကိုတော့ Picture This ဆိုတဲ့ရုပ်ရှင်လေးမှာဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။