သည်းထိပ်ရင်ဖိုဇာတ်ကားပရိသတ်တွေအတွက် Paranormal Activity လိုမျိုးခံစားချက်ရစေပြီးတော့ မပျင်းရစေမဲ့ Bloat ဆိုတဲ့ ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဗီဒီယိုကောပြောတာတွေ အချက်အလက်တွေရှာဖွေတာတွေနဲ့ ကွန်ပြူတာဖန်သားပြင်ပေါ်ကြည့်နေရတာများတဲ့ Horror ဇာတ်ကားမျိုးဖြစ်တဲ့အတွက် ကြည့်နေကျဇာတ်ကားတွေနဲ့တစ်မျိုးကွဲထွက်နေမှာတော့အမှန်ပါပဲ။ဒီတော့ ဒီလိုမျိုးရှားရှားပါးပါးထူးထူးခြားခြား Horror ကားလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ တစ်ခါလောက်ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဂျပန်ကိုခရီးထွက်နေတဲ့ ဟန်နာနဲ့ သားနှစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီး အဖေဖြစ်သူဂျက်ခ်ကတော့ စစ်တပ်စခန်းမှာတာဝန်ကျနေတဲ့အတွက်ကျန်ခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ကလေးတွေနဲ့ရေကန်တစ်ခုနားမှာ အပန်းဖြေနေကြတုန်း အငယ်ကောင်လေးကိုင်လ်က ရေနစ်သွားခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ကံကောင်းချင်တော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘဲ ပြန်သက်သာလာခဲ့ပါတော့တယ်။ ဇာတ်လမ်းကအခုမှစတာပါ။ကိုင်လ်ဆေးရုံကဆင်းလာပြီးနောက်ပိုင်း ဘာမှမစားတော့ဘဲ သခွားသီးတစ်ခုတည်းကိုပဲစွဲစွဲလမ်းလမ်းစားနေပြီး ကလေးတစ်ယောက်ဆီမှာ မဖြစ်သင့်တဲ့အပြုအမူတွေကိုမြင်လာရပါတော့တယ်။ နောက်ပိုင်းမှာတော့ ပိုပိုဆိုးလာပြီး အမေဖြစ်သူ ဟန်နာကပါရူးချင်လာတဲ့အတွက် အဝေးရောက်နေတဲ့အဖေဖြစ်သူဂျက်ခ်လည်း ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ပြီး သူ့မိသားစုကို ဘယ်လိုကယ်တင်ပေးမလဲဆိုတာတွေကိုတစ်မျိုးတစ်ပါး မတူကွဲပြားစွာ ရှုစားရမှာပဲဖြစ်ပါတယ်။