ဒီတစ်ခါမှာ ပရိတ်သတ်ကြီးတိုအတွက် တင်ဆက်ပေးချင်တာကတော့ ရုံးပိတ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးနဲ့အပျင်းပြေကြည့်ရှုနိုင်မဲ့ The Royal Weဆိုတဲ့Romance/Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ရာစုနှစ်နဲ့ချီပြီး ပဋိပက္ခဖြစ်နေကြတဲ့ အန်ဒရိုဗီယာနဲ့ဗော့စ်တီယာရီဆိုတဲ့ တိုင်းပြည်နှစ်ခုဟာ နှစ်နိုင်ငံကြားမှာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုတွေကိုဖြေရှင်းနိုင်ဖိုအတွက် အန်ဒရိုဗီယာရဲ့အိမ်ရှေ့စံမင်းသားနဲ့ ဗော့စ်တီယာရီရဲ့ အိမ်ရှေ့စံမင်းသမီးတိုကိုထိမ်းမြားပေးပြီး ပြဿနာတွေကိုဖြေရှင်းကြဖိုရည်ရွယ်ခဲ့ပေမဲ့ မင်္ဂလာပွဲမတိုင်ခင်မှာဘဲအိမ်ရှေ့စံမင်းသားနဲ့စေ့စပ်ထားခဲ့တဲ့ မင်းသမီးလေးက ရေပိုက်ပြင်သမားနဲ့ခိုးရာလိုက်ပြေးသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ရှေ့စံမင်းသားလည်း အဲဒီလိုဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ထပ်ဖြေရှင်းဖိုနည်းလမ်းရှာကြည့်တဲ့အခါထွက်ပြေးသွားခဲ့တဲ့မင်းသမီးမှာ ညီမတစ်ယောက်ရှိနေတာကိုသိခဲ့ပြီး မင်းသားတစ်ယောက် အစ်မဖြစ်သူနဲ့မအောင်မြင်ခဲ့တဲ့သံတမန်ရေးရာလက်ဆက်ပွဲကိုတော်ဝင်တာဝန်တွေကနေနှစ်၂၀ကျော် အဝေးမှာနေခဲ့တဲ့ ညီမဖြစ်သူနဲ့ပဲဆက်လုပ်ဖိုကြိုးစားရပါတော့တယ်။အဲဒီလိုကြိုးစားရင်းနဲ့ တစ်ခါမှမချစ်ဖူးသေးတဲ့ အိမ်ရှေ့စံမင်းသားနဲ့လွတ်လပ်တဲ့ဘဝကိုပဲပိုင်ဆိုင်ချင်တဲ့မင်းသမီးလေးတိုနှစ်ယောက်ရဲ့လက်ဆက်ပွဲက အဆင်ပြေပြေနဲ့ အောင်မြင်သွားပါ့မလား။နှစ်နိုင်ငံကြားကတင်းမာမှုတွေကိုရောပြေလည်သွားအောင်ဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်လို ပရိတ်သတ်ကြီးတိုအပျင်းပြေကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။