ချစ်သူ၊ လင်မယားတွေကြားက အလွဲတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတဲ့တမီးလ်ဟာသဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။မိန်းမရှိတဲ့ကောင်တွေကလည်း မိန်းမကွယ်ရာမှာ ဖောက်ပြန်၊ ရည်းစားရှိပြီးသားကောင်ကလည်းနှစ်ယောက်ပြိုင်တွဲ၊ဒီလိုမျိုး ငရှုပ်ငပွေးသူငယ်ချင်းလေးယောက်ထဲကတစ်ယောက်ရဲ့မွေးနေ့မှာ လက်ရှိဇနီးသည်တွေ ချစ်သူတွေကိုခေါ်လာကြပြီး ပါတီကျင်းပကြရာကစလိုက်တဲ့ ဇာတ်လမ်း။ဒီလိုငရှုပ်ငပွေးတွေက ရိုးသားမှု၊ သစ္စာရှိမှု၊ ခင်မင်မှုချစ်မေတ္တာတွေကိုစမ်းသပ်ဖို့အတွက်ဂိမ်းတစ်ခု ကစားကြတဲ့အခါမှာတော့။ချစ်သူ၊ လင်မယား၊ သူငယ်ချင်းတွေကြားက ဖုံးကွယ်ထားတာတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့…။