မင်းသားကြီး စတီဖင်ချောင်ရဲ့ IMDb Rating (7.2/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။ရယ်ရလွန်းလို့ အူတောင်တက်ပါတယ်။ဘဝရဲ့ရှင်သန်နေထိုင်မှုပုံစံမျိုးစုံထဲမှာ ဒီဇာတ်ကားထဲက ဇာတ်ကောင်ဝေချွဲဘိုရဲ့နေထိုင်မှုစရိုက်ပုံစံကိုတော့အတော်သဘောကျမိပါတယ်။ ကျွန်တော့်စိတ်ထင် ဒိန်ခဲရွှေ့တဲ့စာအုပ်ထဲက ဖိန့်တစ်လုံးဆောင်ထားတဲ့လူတစ်ယောက်ပုံစံမျိုးပါ။ဘဝဆိုတာ ကြမ်းတမ်းတယ်…မရိုးရှင်းဘူး…ကံကြမ္မာကလဲ အံစာတုံးတစ်တုံးလို ကျချင်တဲ့နံပါတ်ကိုချပြတယ်…ဒီလိုဘဝကြီးထဲမှာ ပျော်ရွှင်စွာ နှစ်မြောခံစားဖို့အရာအားလုံးကို ကြုံသလိုဖြေရှင်းသွားပြီး လောကရဲ့အနှစ်သာရကိုအပြည့်အဝခံစားသွားတဲ့ ဝေချွဲဘိုဆိုတဲ့ဇာတ်ကောင်ဟာစိတ်ညစ်စရာတွေတွေ့လာတဲ့အခါ အမှတ်ရစရာအဖြစ်ရှိနေမှာပါ။ဇာတ်လမ်းကတော့…ဝေချွဲဘိုဟာ တစ်ဝမ်းတစ်ခါးကိုကြုံသလိုဖြေရှင်းနေသူပါ။တစ်နေ့တော့ ဘုရင့်ကိုတော်လှန်နေတဲ့အဖွဲ့ထဲ မထင်မှတ်ဘဲရောက်သွားပြီးနန်းတွင်းမှာ အယောင်ဆောင်အမှုထမ်းပြီး ဘုရင်ကိုလုပ်ကြံဖို့နဲ့ သိုင်းကျမ်းကိုခိုးယူဖို့စေလွှတ်ခံရပါတယ်ဒါနဲ့ ရွှေနန်းတော်မှာ အမှုထမ်းဖို့ အလုပ်သွားလျှောက်တာမထင်မှတ်ဘဲ ကုန်းကုန်းအမှုထမ်းခေါ်တဲ့ဖက်ရောက်သွားပြီးဝှေးသင်းတဲ့နေရာကိုရောက်သွားပါတယ်။ကံကောင်းစွာနဲ့ ဝှေးသင်းမခံရဘဲ နန်းတော်ရဲ့အရှုပ်ထုပ်တစ်ခုမှာ အမှုထမ်းဖို့ထပ်မံစေခိုင်းခံရပါတယ်။ရွှေနန်းတော်ကလဲ အတော်ရှုပ်ထွေးပြီး ဘုရင်ကလဲ ကလေးအရွယ်မို့ အမတ်တွေဟာသူတစ်လူ ငါတစ်မင်း လုပ်ချင်ရာလုပ်နေကြပါတယ်။သူဟာ နန်းတော်အတွင်းမှာ ဘုရင်နဲ့ပါထပ်မံခင်မင်သွားတဲ့အခါမှာတော့…….ဝေခွဲျဘိုဟာ …ဘုရင်ကိုလုပ်ကြံချင်သူအဖွဲ့ထဲကလဲဖြစ်သလို…သိုင်းကျမ်းခိုးယူမယ့်အဖွဲ့ကလဲဖြစ်သလို…ဘုရင့်ဘက်တော်သားလဲဖြစ်လာတဲ့အခါမှာ…ထင်ရာမြင်ရာ ဉာဏ်ရှိသလို အခက်အခဲများကိုဖြေရှင်းပုံကို တသောသောရယ်မောကြည့်ရှုရမှာပါ။