Curse of the Seven Seas HD

Curse of the Seven Seas

Horror Thriller HD 2024-11-07 6 94 Min

တစ်ခါတလေမှာ ကျိန်စာလို့ ကိုယ်ထင်နေတဲ့အရာက ဘုရားပေးတဲ့ဆုလာဘ်တစ်ခုဖြစ်သွားနိုင်သလို ဆုလာဘ်လို့ထင်နေတဲ့အရာတစ်ခုကလည်း ကိုယ့်ကို ကံဆိုးမိုးမှောင်ကျစေတဲ့ ကျိန်စာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ကီပ်တိုတစ်ယောက် သားလေးအာဒီ ကျောက်ကပ်ခွဲစိတ်နိုင်ဖို့ အလုပ်ကြိုးစားပြီးရုန်းကန်ခဲ့ပေမဲ့ အာဒီက ခွဲစိတ်မှုအပြီးမှာ အရိပ်တွေမြင်နေတယ်ဆိုပြီး ငိုယိုနေတော့ကီပ်တိုနဲ့မာနီတို့လည်း နောက်ထပ်အပူတစ်ခုတိုးပြီး ရတက်မအေးနိုင် ဖြစ်ရပြန်တာပေါ့။ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်လိမ္မာတဲ့ ရူစတန်ဆိုတဲ့လူကြီးရဲ့အကူအညီနဲ့ အာဒီတစ်ယောက် အန္တရာယ်များတဲ့ခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့တတိယမျက်လုံးပွင့်သွားပြီး တစ်ပါးသူမမြင်နိုင်တဲ့ဝိညာဉ်တွေကို မြင်နေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဒါပေမဲ့ အာဒီလေးအဆင်ပြေစေဖို့အတွက် ဒီတတိယမျက်လုံးရဲ့အစွမ်းတွေကို ဖိနှိပ်ထားလိုက်ပြီး ရူစတန်ကတော့ အာဒီကို ဈေးထဲ မသွားခိုင်းဖို့မိဘတွေကို မှာခဲ့တာပေါ့။နှစ်တွေအတော်ကြာပြီးချိန် အာဒီလည်း လူပျိုပေါက်အရွယ်ရောက်လို့ အာရစ်ဖ်ဆိုတဲ့ညီတစ်ယောက်နဲ့ ရှီဖာဆိုတဲ့ညီမလေးတစ်ယောက်ရှိလာချိန်မှာတော့ သူအမြဲရှောင်နေတဲ့အဖေ့ဆိုင်ရှိတဲ့ဈေးကို မဖြစ်မနေသွားရဖို့ဖြစ်လာပြီး ကံဆိုးချင်တော့ အဖေနဲ့ဦးလေးရဲ့အငြင်းပွားသံကို နားစွန်နားဖျားကြားလိုက်ရပါတယ်။အဓိကကတော့ ဈေးထဲက ကုန်စုံဆိုင်တွေထဲမှာ ကီပ်တိုရဲ့ဆိုင်ကပဲ ထူးထူးခြားခြားအရမ်းအောင်မြင်ပြီး ရောင်းကောင်းနေတော့ မနာလိုရာကနေ အစပျိုးလာတဲ့အငြင်းပွားမှုတွေ အာဃာတတွေဖြစ်လာတာပါ။ဒီလိုနဲ့ ဆိုင်ကို ထူးဆန်းတဲ့ ပါဆယ်တစ်ခုရောက်လာပြီးတဲ့နောက် မိသားစုမှာရောလုပ်ငန်းမှာပါ ဆက်တိုက်ဆိုသလို ကံဆိုးမှုတွေ ဖြစ်လာချိန်မှာတော့….အာဒီက မိသားစုရဲ့သားကြီးအနေနဲ့ သူအရင်က ကျိန်စာတစ်ခုလို့သတ်မှတ်ခဲ့တဲ့သူ့ရဲ့ တတိယမျက်လုံးအကူအညီနဲ့ မိသားစုရဲ့ပြဿနာကို ရှီဖာနဲ့အတူ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ရှုစားကြပါဦး .. ။